ကိုဗစ် ၁၉ အလွန်ကာလမှာ ပြည်သူတွေ ထိခိုက်မှုအနည်းဆုံးဖြစ်စေဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်၁၉ရောဂါနဲ့ပတ်သတ်ပြီး အသုံးပြုဖို့အတွက် သဘာဝဘေးအန္တရာယ် ရန်ပုံငွေအဖြစ် ဘဏ္ဍာရေးဝန်ကြီးဌာနကနေ အထွေထွေပိုလျှံငွေ ဘီလီယံ(၁၀၀၀)ကျော်ကို ပြင်ဆင်ထားတယ်လို့ ဒီနေ့ စက်တင်ဘာလ ၂၁ ရက် ည၈နာရီမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအတွင်း COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံတင်ပြတဲ့မိန်းခွန်းမှာ ပြောကြားသွားခဲ့တာဖြစ်ပါတယ် ။

ဓာတ်ပုံ-Myanmar State Counsellor Office

"ဘဏ္ဍာရေးဝန်ကြီးဌာနကနေပြီးတော့ အထွေထွေပိုလျှံငွေဘီလီယံ(၁၀၀၀)ကျော် ၊ တစ်ဘီလီယံဆိုတာကတော့ သန်း(၁၀၀၀)ဆိုတာ ကျွန်မတို့ပြည်သူတွေသိပြီးသားပဲလို့ ထင်ပါတယ် ။ ဘီလီယံ(၁၀၀၀)ကျော်ကို ကျွန်မတို့အနေနဲ့ သဘာဝဘေးအန္တရာယ်အတွက်ဆိုပြီး ကျွန်မတို့သတ်မှတ်လိုက်တယ် ။ သဘာဝဘေးအန္တရာယ်ဆိုတော့ ကိုဗစ်နဲ့ဆိုင်ပါတယ် ။ ဒါပေမယ့် ဒီလိုသတ်မှတ်ထားတဲ့ငွေဟာ ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ သုံးဖို့ပါ။တခြားသဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး သုံးဖို့မဟုတ်ပါဘူး။တခြားသဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ရင် အဲဒီရန်ပုံငွေထဲမှာ သပ်သပ်ရှိပါတယ် ။အခုဘီလီယံ(၁၀၀၀)ကျော် ရွှေ့ပြောင်းလိုက်တယ်ဆိုတာ ကျွန်မတို့ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ အကျိုးဆက်တွေအတွက် ၊ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေအတွက်သုံးဖို့ဖြစ်ပါတယ်လို့ " နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ် ။



ဒါ့အပြင် နည်းပညာပိုင်းဆိုင်ရာကူညီပံ့ပိုးအားဖြည့်ပေးရေးအဖွဲ့ကိုလည်း ကျန်းမာရေးဝန်ကြီးဟောင်း ပါမောက္ခဒေါက်တာကျော်မြင့်ဦးဆောင်ကာ ဖွဲ့စည်းလိုက်ပြီဖြစ်တယ်လို့လည်း သိရပါတယ် ။ ဆေးရုံများလုံလုံလောက်လောက်ရှိစေရေး ၊ ကွာရန်တင်းစင်တာတွေလုံလောက်စေရေး နဲ့ ဒီစင်တာတွေမှာလိုအပ်တဲ့ စေတနာ့ဝန်ထမ်းများ ၊ အခြားဝန်ထမ်းများ နဲ့ ဆေးပစ္စည်း ၊ ဆေးဝါးများ ၊ အခြားပစ္စည်းပစ္စများကိုလည်း လုံလောက်အောင် လက်တွေ့ကျကျလုပ်ဆောင်နေတယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ် ။


Share

Loading Next Article...
က္က