ကွာရန်တင်းနေရာတွေမှာလူများနေတာကြောင့် အိမ်ကို တိုက်ရိုက်ပြန်စေတာလို့သိရပါတယ်။
Kyaw Ko Ko Sint

ရောဂါပျောက်ကင်းသွားပြီဖြစ်တဲ့ လူနာအမှတ် ၁၉၁ ကို နေရာအခက်အခဲကြောင့် Facility Quarantine ပြန်မဝင်စေဘဲ ဆေးရုံမှာ ၇ ရက်ထားပြီး နေအိမ်မှာ ၁၄ ရက် အသွားအလာ ကန့်သတ်နေထိုင်ရမှာလို့ သိရပါတယ်။ 

ဓာတ်ပုံ - Aung Naing Oo (လူနာကို ကွာရန်တင်းနေရာမှ ဆေးရုံသို့ ပြောင်းရွှေ့စဥ်)

ပုသိမ်မြို့က မလေးရှားပြန် ပိုးတွေ့လူနာအမှတ် ၁၉၁ မှာ ရောဂါပိုး နှစ်ကြိမ်ဆက်တိုက် မတွေ့ရတော့တဲ့အတွက် ဒီနေ့မှာတော့ ဆေးရုံဆင်းခွင့်ရခဲ့ပြီလို့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က Duwun ကို ပြောပါတယ်။

လူနာက ရောဂါပိုး နှစ်ကြိမ်ဆက်တိုက် မတွေ့ရတော့ပြီးနောက် ကွာရန်တင်းနေရာကို ပြန်လည်ပြောင်းရွှေ့နိုင်ခဲ့ ခြင်း မပြုခဲ့ဘဲ ဆေးရုံမှာသာ နောက်ထပ် ၇ ရက် အသွားအလာ ဆက်လက်ကန့်သတ်နေထိုင်းပြီးမှ နေအိမ်ကို ပြန် ခွင့်ရတာလို့လည်းသိရပါတယ်။

“ပုံမှန်ဆိုရင်တော့ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တော့ပြီးနောက် Facility Quarantine ပြန်လည်ဝင်ရမှာဖြစ်ပေမယ့် လည်း ပုသိမ်က ကွာရန်တင်းနေရာတွေမှာ လူတွေ များနေတာကတစ်ကြောင်း၊လူများတဲ့အတွက် အခြားသူတွေ ကို သူနဲ့ အနီးကပ် မရှိစေချင်သေးတာကြောင့်တစ်ကြောင်း ဆေးရုံမှာ နောက်ထပ် ၇ရက် နေစေခဲ့ပါတယ်။အခု အိမ်ပြန်တယ်ဆိုပေမယ့်လည်း အခြားသူတွေဆိုရင် နေအိမ်မှာ နောက်ထပ် ၇ရက်သာ အသွားအလာ ကန့်သတ် ရပေမယ့် သူ့ကိုတော့ ၁၄ရက်ကြာ အသွားအလာကန့်သတ်ထားပါတယ်။”လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

ဓာတ်ပုံ - Aung Naing Oo (လူနာကို ကွာရန်တင်းနေရာမှ ဆေးရုံသို့ ပြောင်းရွှေ့စဥ်)

နေအိမ်မှာ ၁၄ရက်ကြာပြီးနောက် ဆေးရုံကို ပြန်လာပြီး ကျန်းမာရေးစစ်ဆေးမှုကို ထပ်မံ ခံယူရဦးမှာ ဖြစ်ပေမယ့် ဓာတ်ခွဲနမူနာရယူပြီး စစ်ဆေးတော့မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာတော့ လက်ရှိ ပိုးတွေ့လူနာ ၂ ဦးရှိသည့်အနက် ၁၉၁ မှာ ရောဂါပြန်လည်ပျောက်ကင်း သွားပြီ ဖြစ်တာကြောင့် လူနာအမှတ် ၂၀၇ တစ်ဦးတည်းသာ ကျန်ပါတော့တယ်။

လူနာအမှတ် ၂၀၇ရဲ့ ဓာတ်ခွဲနမူနာကိုလည်း ဒီကနေ့မှာ ရယူပြီးသွားပြီ ဖြစ်တဲ့အတွက် မနက်ဖြန်(သို့)သန်ဖက်ခါလောက်မှာ ဓာတ်ခွဲအဖြေကို သိနိုင်လိမ့်မယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က