ကျောင်းအပ်နှံထားသူဦးရေရဲ့တစ်ဝက်ဖြစ်တဲ့ ဝ.၅၅၄ သန်း တက်ရောက်ခဲ့တယ်လို့လည်းသိရပါတယ်။
Ye Yint Htay

ကိုဗစ်ကာလမှာ ကျောင်းသားကျောင်းသူတွေဟာ နှာခေါင်းစည်းနဲ့ Face Shield ကိုအကြာကြီးတပ်ထားရတာ၊ အချင်းချင်း ခပ်ခွာခွာနေရတာတွေဟာ ကလေးတွေအတွက် ခက်ခဲမှာ အမှန်ပဲလို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ ညနေပိုင်းက သူ့ရဲ့ လူမှုကွန်ရက်ဖေ့ဘုတ်စ်စာမျက်နှာကတစ်ဆင့်ပြောကြားခဲ့တာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေလည်း ခက်ခဲမှုတွေ ရှိသလို ဆရာ၊ဆရာမတွေလည်း အရင်ထက်ပိုပြီး စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ကြရတယ်လို့သိရကြောင်း အတိုင်ပင်ခံက ပြောခဲ့တာပါ။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေ ပညာလမ်းဆက်လျှောက်နိုင်ဖို့ အတွက် ခြေလှမ်းတွေ မပျက်အောင် အားလုံးဝိုင်းပြီး ရုန်းကန်ရမယ့်အချိန်ဖြစ်တယ်လို့လည်း တိုက်တွန်းပြောကြားခဲ့ပါသေးတယ်။



“ပညာရှာ၊ ပမာသူဖုန်းစား” ဆိုတဲ့စကားလေးကိုညွှန်းပြီး ပင်ပင်ပန်းပန်း စစ်ပညာသင်ယူနေရတဲ့ ရဲဘော်တွေကို ဖေဖေကအားပေးခဲ့ဖူးပါတယ်။ နိုင်ငံ့လွတ်လပ်ရေးအတွက်သင်ယူခဲ့ရတဲ့ပညာတွေ.. ယခု တော့ နိုင်ငံ့တိုးတက်ရေးအတွက် ကျွန်မတို့ လူငယ်တွေ ပညာလမ်း ဆက်လျှောက်နိုင်ဖို့ ခြေလှမ်းတွေ မပျက်အောင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ မိဘ၊အစိုးရ အားလုံး ဝိုင်းပြီးရုန်းရမဲ့အချိန်ပါ။ အင်အားတွေဖြည့်ကြပါ။” ဆိုပြီးရေးသားထားတာပါ။

ဒါ့အပြင်တစ်နိုင်ငံလုံးမှာ အခြေခံပညာ အထက်တန်းဆင့်သင်ကျောင်း စုစုပေါင်း (၇၁၇၃) ကျောင်း ရှိတဲ့အနက်၊ ကျန်းမာရေး ဆန်းစစ်မှုပြုလုပ်ပြီး ဖွင့်ခွင့်ပြုပေးခဲ့တဲ့ကျောင်း ၃၉၉၉ ကျောင်း ရှိခဲ့တယ်လို့လည်း အတိုင်ပင်ခံက ဆိုပါတယ်။ ကျောင်းသူ၊ ကျောင်းသားဦးရေ တစ်သန်းကျော် ကျောင်းအပ်နှံခဲ့ရာမှာ ကျောင်းတက်ရက် တစ်ပတ်ခြား စီစဉ်ထားတဲ့အတွက် အခုအပတ်မှာ ကျောင်းအပ်နှံထားသူဦးရေရဲ့တစ်ဝက်ဖြစ်တဲ့ ဝ.၅၅၄ သန်း တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဖွင့်ခွင့်မရသေးတဲ့ ကျောင်းတွေကတော့ ပိုးသတ်သန့်စင်မှုပြည့်စုံစွာ မဆောင်ရွက်နိုင်ခြင်း၊ လက်ဆေးရန်နေရာ၊ အိမ်သာနဲ့ အဖုံးပါခြေနင်းအမှိုက်ပုံးတို့ ပြည်စုံစွာ မထားရှိနိုင်ခြင်း စတဲ့ လိုအပ်ချက်များ ရှိနေခြင်းတို့ကြောင့်မဖွင့်လှစ်နိုင်သေးခြင်းဖြစ်ကြောင်း၊ ဒါတွေကိုလည်း စောလျင်စွာ ဖြည့်ဆည်းပေးပြီး၊ ကျောင်းဖွင့်ခွင့်ပေးသွားမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Ye Yint Htay

    Producer/Editor (Duwun Sports)


က္က