ဒီနေ့ရုုံးချိန်းမှာ ဒေါ်ဥမ္မာလှိုင်ရဲ့ ခင်ပွန်းက သက်သေထွက်ဆိုခဲ့တာပါ။
Mi Thawdar Aung

Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူက ကိုအောင်ကြီးကို တစ်လကို လစာ တစ်သိန်းသုံးသောင်းနဲ့ Suzuki Every Weagon ယာဉ်မောင်းအဖြစ် ကျောင်းကြိုပို့ရန် ခေါ်ယူခဲ့တယ်လို့ ဒီကနေ့ (၈)ကြိမ်မြောက်ရုံးချိန်းမှာ သက်သေထွက်ဆိုခဲ့ပါတယ်။

သံသယတရားခံကိုအောင်ကြီးကို ယာဉ်မောင်းအဖြစ် မောင်းနှင်ခိုင်းခဲ့တဲ့ Suzuki Every မော်တော်ယာဉ်ဟာ လူစီးအဖြစ်အသုံးပြုခွင့်မရှိတဲ့ Delivery Van အမျိုးအစားဖြစ်နေတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အချက်အလက်တွေအရသိရပါတယ်။

ဒေါ်ဥမ္မာလှိုင်ရဲ့ ခင်ပွန်း ဦးရန်နောင်စိုးရဲ့ထွက်ဆိုချက်အရ သူတို့ အနေနဲ့ အခုနှစ် ငါးလပိုင်းမှာ Suzuki Every Weagon ကားကိုကျောင်းကားအဖြစ်အသုံးပြုဖို့ဝယ်ယူခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။

Delivery Van အမျိုးအစား မော်တော်ယာဉ်တွေအနေနဲ့ စတင်တင်သွင်းစဉ်ကထဲက လုပ်ငန်းသုံးယာဉ်Delivery Van အမျိုးအစားဖြစ်နေတာကြောင့် ယာဉ်ကို နောက်ခုံ တပ်ခွင့်မရှိသလို အနောက်ဖက်ဘေးတံခါးတွေကိုလည်း သံပြားအသေပိတ်ပြီး ကုန်ပစ္စည်းများတင်ဆောင်ရန်အတွက်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

 လက်ရှိမှာတော့ Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်ရဲ့ခင်ပွန်း တရားရုံးတော်မှာ ထွက်ဆိုချက်အရ ကျောင်းကြို/ပို့ယာဉ်အဖြစ်အသုံးပြုရန် အောင်ကြီးကိုဌားရမ်းခဲ့တယ်လို့သိရပါတယ်။

 Delivery Van လုပ်ငန်းသုံးကားတွေကို လူစီးယာဉ်အဖြစ်ပြောင်းလဲအသုံးပြုခွင့်မပေးထားဘူးလို့လည်း မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးမြင့်က အခုလိုပြောပြပါတယ်။

“ ကျွန်တော် တို့ဆီမှာကတော့DV က DV ဘဲ။DeliveryVan ကနေလူစီးကတော့ပြောင်းလို့ကတော့မရဘူး။ လုပ်ငန်းသုံးယာဉ်ဘဲ။ ဒါကိုလူစီးယာဉ်အဖြစ် မှတ်ပုံတင်ပြောင်းလဲပေးတာမျိုးမရှိဘူး။ ကနဦးစသွင်းလာကတည်းက Delivery Vanလို့သွင်းထားရင် Delivery ဘဲရမှာ။ လာပြရင်ကနဦးမှတ်တမ်းနဲ့ဘဲ တိုက်စစ်ပြီးမှန်တယ်ဆိုရင်ပေးမှာပေါ့"လို့ ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကပြောပါတယ်။


က္က