ဗစ်တိုးရီးယားရဲ့ထွက်ဆိုချက်မှာလည်းအောင်ကြီးကိုမသိဘူးလို့ပြောပါတယ်။
Ei Ei Htun

ဗစ်တိုးရီးယားရဲ့ ထွက်ဆိုချက်ကြောင့် ဒီအမှုမှာ အောင်ကြီးရဲ့ ငြိစွန်းမှုက တော်တော်ကိုဝေဝါးသွားတဲ့အတွက်ကြောင့် အောင်ကြီးလွတ်မြောက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

နေပြည်တော်က ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး (၆)ကြိမ်မြောက်ရုံးချိန်းကိုတော့ ဒီကနေ့ စက်တင်ဘာလ(၁၁)ရက်နေ့က ပြုလုပ်ခဲ့ရာ တရားခွင်မှာတော့ ဗစ်တိုးရီးယားကို စစ်ဆေးမေးမြန်းခဲ့တာပဲ ဖြစ်ပါတယ်။တရားခွင်မှာ ဗစ်တိုးရီးယားရဲ့ ထွက်ဆိုချက်တွေ သူက ကိုအောင်ကြီးကို လုံးဝမသိကြောင်းနဲ့ သူ့ကိုလုပ်တာ ကိုကိုအကြီးနဲ့ ကိုကိုအငယ်နဲ့ လုပ်တယ်ဆိုပြီး ထွက်ဆိုခဲ့တာကြောင့် တရားခံလို့ယူဆထားတဲ့ ကိုအောင်ကြီးကို အာမခံရရှိရေး၊ လွတ်မြောက်ရေးအတွက် ပြင်ဆင်ဆောင်ရွက်သွားမှဖြစ်တယ်လို့ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

“ ကလေးက ဒီနေ့မှ အခုလိုထွက်ဆိုလိုက်တာကို ကျွန်တော်တို့က ဒီနေ့မှာ ကိုအောင်ကြီးအတွက် ပြင်ဆင်စရာအချိန်မရှိဘူး။ ကလေးက ဒီလိုထွက်ဆိုတာကြောင့် အောင်ကြီး ငြိစွန်းမှုက တော်တော်ကိုဝေဝါးသွားတဲ့အတွက်ကြောင့်ဆိုပြီးတော့ လျှောက်ဖို့ရှိတယ်။နှစ်မျိုးရှိတယ်။ပထမတစ်မျိုးက ၄၉၇ အပိုဒ် ၂ ဆိုတာက သူ့ကို တရားခံလို့ပြောဖို့က တော်တော်ခက်သွားပြီ။ သို့သော် အမှုကို ထပ်ပြီးတော့သွားဖို့ လိုအပ်သေးတယ်ဆိုရင် သူ့ကို အချုပ်လွတ်ရမယ်ဆိုတဲ့ပုဒ်မတစ်ခု ရှိတယ်။နောက်တစ်ခုကတော့ ပုဒ်မ ၂၅၃၊ ၂၅၃ ကတော့ စွဲချက်မတင်မီဘယ်အချိန်မှာမဆို သူ့မှာအပြစ်မရှိဘူးလို့ သေချာရင် တရားရုံးက လွှတ်တယ်" လို့ ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။

ဒီအမှုမှာ သံသယတရားခံ အောင်ကြီး လွတ်သွားပြီးတဲ့နောက် ပြစ်မှုကျူးလွန်သူ မပေါ်ဘဲ အမှုက ဒီအတိုင်းပြီးသွားမယ့် အဖြစ်မျိုးကိုတော့ အဖြစ်မခံနိုင်ဘူးလို့လည်း ဦးခင်မောင်ဇော်က ပြောကြားခဲ့ပါတယ်။


က္က