loading...

loading...

loading...

အများပြည်သူတွေရေကစားခြင်းကိုတော့ကန့်သတ်သွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
Mi Thawdar Aung

COVID-19 လို့ခေါ်တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကြောင့် အခုနှစ် သင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်အစိုးရက ဦးဆောင်ကျင်းပတော့မှာမဟုတ်ဘူးလို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးက ကြေညာလိုက်ပါတယ်။

အများပြည်သူတွေ ရေကစားခြင်းကိုတော့ တားမြစ်ကန့်သတ်သွားမှာမဟုတ်ဘဲ ကျန်းမာရေးနှင့် ထိခိုက်အန္တရာယ်ဖြစ်ပွားမှု ကာကွယ်ရေးအတွက် လုံခြုံရေးဆောင်ရွက်ပေးသွားမယ်လို့ မတ်လ ၆ ရက်က ကျင်းပတဲ့ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးညှိနှိုင်းအစည်းအဝေးမှာ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောကြားခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရေး ကျန်းမာရေးဝန်ကြီးဌာနနှင့် WHO တို့ရဲ့ ကြေညာချက်အတိုင်း လူစုလူဝေးမဖြစ်အောင် ဧပြီလအတွင်း ကျရောက်မယ့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို အရင်နှစ်တွေလို ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မှာ မဟုတ်ကြောင်း ပြောခဲ့တာပါ။

သင်္ကြန်ပွဲတော်ဦးဆောင်မကျင်းပပေမယ့် အများပြည်သူလုံခြုံရေးနှင့် ကျန်းမာရေးအသိပညာပေး ကာကွယ်စောင့်ရှောက်ပေးရေးလုပ်ငန်းတွေတော့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

“ အစိုးရအနေနဲ့ ဒီသင်္ကြန်ပွဲကို မကျင်းပဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်ပါတယ်” လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးက Duwun ကိုပြောပါတယ်။

ဒါ့အပြင် နှစ်ဆန်းတစ်ရက်နေ့မှာ ပြုလုပ်တဲ့ အန္တရာယ်ပရိတ်တရားတော်နာယူပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် မြို့ပေါ်ဘုန်းတော် ကြီးကျောင်းတွေနဲ့ ခရစ်ယာန်အသင်းတော်ဘုရားကျောင်းတွေမှာ နှစ်သစ်ကူးဆုတောင်းမေတ္တာပို့သတာတွေကို ကျင်းပဖို့ ဆွေးနွေးထားကြပါတယ်။

အခုနှစ်မှာ ချင်းတွင်းသင်္ကြန်ကိုလည်း COVID-19 အန္တရယ်ကြောင့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က မကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရပါတယ်။

Photo-မနှစ်က ကျင်းပပြုလုပ်ခဲ့သည် ချင်းတွင်းသင်္ကြန်

ရန်ကုန်တိုင်းမှာတော့ ဒီရောဂါ အန္တရာယ်ကြောင့် ရန်ကုန်သင်္ကြန် ရက်ရွှေ့ဆိုင်းမှာ မဟုတ်သလို မဏ္ဍပ်တွေလည်း လျှော့ချသွားမှာမဟုတ်ဘဲ စည်ကားစွာကျင်းပမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မတ်လ ၃ ရက်နေ့ကပြုလုပ်တဲ့ မြို့တော်သာယာလှပရေးနှင့် ရေရှည်တည်တံ့သော အဆောက်အဦးများ ဟောပြောပွဲအခမ်းအနားမှာ သတင်းမီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။


loading...

က္က