loading...

loading...

loading...

ယခုနှစ်မှပထမဆုံးအကြိမ်ဖျက်သိမ်းခဲ့ရတာပါ။
Ei Ei Htun

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်လို့ လက်ရှိအချိန်ထိကူးစက်ခံရသူတစ်ဦးတစ်ယောက်မှမရှိသေးပေမယ့် ရောဂါဖြစ်ပွားပါက တစ်ပြိုင်နက် အစုလိုက်အပြုံလိုက် ဖြစ်ပွားနိုင်တာကြောင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေက လူစုလူဝေးရှိတဲ့ ပွဲတော်ကို မပြုလုပ်ခိုင်းဘဲ ပွဲတော်‌တွေကိုဖျက်သိမ်းခိုင်းလျှက်ရှိနေပါတယ်။

photo- Sai Lukhay

အခုရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့မှာ အစဉ်အလာမပျက်နှစ်စဉ်ကျင်းပလာတဲ့ တပေါင်းပွဲတော်ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုနှစ်မှာမကျင်းပတော့ဘူးလို့ သိရပါတယ်။ 

“ ကျွန်တော်တို့ကို ပြည်နယ်အစိုးရကနေ မတ်လ(၂)ရက်နေ့ကပွဲတော်မကျင်းပတော့ဖို့ ညွှန်ကြားလာတယ်။ အဲဒါကြောင့် မကျင်းပဖြစ်တော့ဘူး။ အဓိကကတော့ ဘာကြောင့်ရယ်မှမဟုတ်ပါဘူး။ ကိုရိုနာဗိုင်းရပ်ပိုးဖြစ်ပွားမှုရှိလာနိုင်တဲ့ လူစုလူဝေးပွဲတွေကိုမလုပ်ခိုင်းတဲ့ သဘောပါ။ အခုလိုပွဲတော်ကိုဖျက်သိမ်းတာကတော့ ဒီနှစ်ကပထမဆုံးပါပဲ”လို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ အတွင်းရေးမှူး ဦးမိုးဇော်နိုင်က Duwun ကိုပြောပါတယ်။ 

ပင်းတယမြို့ကတပေါင်းပွဲတော်က လွန်ခဲ့တဲ့နှစ်ပေါင်းမျာစွာကတည်းက တပေါင်းလဆန်း(၁၁)ရက်နေ့ကနေ တပေါင်းလပြည့်ကျော်(၁)ရက်နေ့ထိ ကျင်းပလာတဲ့ ရိုးရာပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ 

ဒီနှစ်မှာအခုလို ပွဲတော်မကျင်းပဖို့ ညွှန်ကြားလာ‌ကြောင့် ဈေးရောင်းဖို့ ဆောက်ထားတဲ့ဆိုင်ခန်းတွေက ပြန်ဖျက်သိမ်းလိုက်ကြရတဲ့ အနေအထားတွေရှိတယ်လို့ ဦးမိုးဇော်နိုင်ကပြောပါတယ်။


loading...

က္က