ဝူဟန်မြို့သားတစ်ဦးနဲ့ မြန်မာ နှစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ကနေ မင်္ဂလာဒုံလေဆိပ်ကိုဆိုက်ရောက်လာတဲ့ လေယာဉ်ပေါ်မှာပါရှိလာတဲ့ တရုတ်အမျိုးသားတစ်ဦး နဲ့ မြန်မာလူမျိုး နှစ်ဦးတို့ကို ကိုရိုနာဗိုင်းရပ်စ် သံသယရှိတဲ့ရောဂါလက္ခဏာတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ကျန်တဲ့ ခရီးသည်တွေကိုတော့ လေယာဥ်နဲ့ တရုတ်ကို ပြန်လွှတ်လိုက်ပြီလို့ သိရပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၃၁)ရက်နေ့ မနက်ပိုင်းက တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ကနေ မင်္ဂလာဒုံလေဆိပ်ကိုဆိုက်ရောက်လာတဲ့ လေယာဥ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၃ ဦးဟာ ကိုရိုနာဗိုင်းရပ်စ် သံသယ လက္ခဏာတွေကို တွေ့ရှိတဲ့အတွက် စစ်ဆေးကုသမှုတွေဆောင်ရွက်နိုင်ဖို့ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီဆေးရုံကိုပို့ဆောင်ထားပါတယ်။



"ဟုတ်ပါတယ် လေယာဉ်က တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ကဆိုက်တာ။ လူနာက အသက်(၆၀)အရွယ်အမျိုးသား ၊ သူက ဝူဟန်ကလို့ပြောတယ်။ လေယာဉ်ပေါ်မှာကတည်းက ချောင်းဆိုးတာတွေဘာတွေဖြစ်တယ်ပြောတယ်။ ဒီရောက်တော့ စစ်တော့လည်း သံသယရှိတာနဲ့ ဝေဘာဂီကို ပို့ထားတယ်။ ဆေးရုံမှာ ဆေးစစ်ဆေးကုသမှုတွေဆက်လုပ်သွားမယ်” လို့

ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဗဟိုကူးဆက်ပြန့်ပွါးမှုထိန်းသိမ်းရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

သံသယ လူနာ (၃)ဦးကို ဝေဘာဂီ ဆေးရုံကိုပို့ဆောင်ကာ ကျန်တဲ့ ခရီးသည်တွေကိုတော့ လေယာဉ်နဲ့ တစ်ခါတည်းတရုတ်ကိုပြန်လွှတ်လိုက်ပြီလို့သိရပါတယ်။

“ကျွန်တော်အခု ဆေးရုံကိုရောက်လာတာက ဒါကကျွန်တော့်နယ်မြေဖြစ်တယ်။ အခုကိစ္စမှာ ကျွန်တော်သိသလောက်ပြောရရင် မနက်ကဆိုက်ရောက်လာတဲ့ လေယာဉ်ပေါ်မှာ သံသယလူနာ မြန်မာနှစ်ဦးနဲ့ တရုတ်တစ်ဦးကို အခုဝေဘာဂီမှာခေါ်ထားတယ်။ ကျန်တဲ့ ခရီးသည်တွေကိုတော့ဆိုက်ရောက်လာတဲ့လေယာဉ်နဲ့ပဲ တစ်ခါတည်းပြန်လွှတ်လိုက်ပြီ” မြောက်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)မှ ဦးဇော်လွင်က ပြောပါတယ်။

မနက်က မဂ်လာဒုံလေဆိပ်ကို ဆိုက်ရောက်လာတဲ့ တရုတ်ကလေယာဉ်ပေါ်မှာတော့ ခရီးသည် ၇၀ကျော်လိုက်ပါလာခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က