loading...

loading...

loading...

တရုတ်နိုင်ငံသို့ ကုန်သွယ်မှုပမာဏ လျော့ကျနေပါတယ်။
Mi Thawdar Aung

ကိုရိုနာဗိုင်းရပ်စ်လို့ ခေါ်တဲ့ COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံရဲ့ ပို့ကုန်တင်ပို့မှုမှာ တရုတ်နိုင်ငံအစား အခြားဈေးကွက်သစ်ရှာဖွေနေရတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောလိုက်ပါတယ်။

(Photo- မြန်မာအစိုးရက တရုတ်ကို ဆန်လှူဒါန်းပွဲအခမ်းအနားပြုလုပ်စဉ်)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ နယ်စပ်ကုန်သွယ်မှုကတဆင့် တရုတ်နိုင်ငံကို ဖရဲ၊သခွားတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့် ထိခိုက်နစ်နာမှုရှိခဲ့တဲ့အပြင် နှစ်နိုင်ငံကူးသန်းသွားလာမှုက လျော့ကျသွားခဲ့တယ်လို့လည်း သိရပါတယ်။

“ကျွန်တော်တို့က တရုတ်ကိုပဲမှီခိုလို့မရတော့ဘူး။ အခု ပင်လယ်ရေကြောင်းဘက်ကနေ ဈေးကွက်အသစ်တွေ ရှာနေပါတယ်။အရင်တုန်းက တရုတ်နိုင်ငံက နယ်နိမိတ်ချင်းထိစပ်တဲ့နေရာများတော့ ကုန်သည်တွေ လုပ်ငန်းရှင်တွေက တရုတ်နိုင်ငံကို အားကိုးခဲ့ကြတယ်။ အခုတော့ တဖြည်းဖြည်းနဲ့ ဖြန့်ကျက်လာပါပြီ။” လို့ ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံကို ပြောင်း တင်ပို့မှု ၁ ဒဿမ ၂ သန်းအထိရှိခဲ့ပေမယ့် ဈေးကွက်သစ်ရှာဖွေတဲ့အနေနဲ့ အခုနှစ်မှာ ထိုင်းနိုင်ငံကို ပြောင်း ၁ သန်းကျော်အထိ တင်ပို့ဖို့ ရည်ရွယ်ထားတယ်လို့လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နေသိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်ကတည်းက တရုတ်နိုင်ငံကို နယ်စပ်ကတဆင့် ကုန်သွယ်မှုပမာဏ လျော့ကျသွားခဲ့တာကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ပင်လယ်ရေကြောင်းက တင်ပို့မှုကို ပိုမိုဦးစားပေးလာခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံကိုပါ ဆန်တင်ပို့မှုတွေ လုပ်လာတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဖရဲ၊သခွားတင်ပို့မှု ၈၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကို အဓိကထား တင်ပို့နေတာဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ တရုတ်နိုင်ငံအစား အရှေ့ဥရောပနိုင်ငံတွေ၊ စင်ကာပူနိုင်ငံတွေကို တင်ပို့ဖို့ စီစဉ်နေတယ်လို့လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။  

လက်ရှိမှာ တရုတ်နိုင်ငံက ကုန်ကြမ်းတွေကို အဓိကထားဝယ်ယူနေရတဲ့ ပြည်တွင်း အထည်ချုပ်လုပ်ငန်းတွေကလည်း မတ်လကုန်အထိသာ ကုန်ကြမ်းရှိနေပြီး ဧပြီလအတွင်း ကုန်ကြမ်း မတင်သွင်းနိုင်ခဲ့ရင် လုပ်ငန်းတွေ ယာယီရပ်ဆိုင်းနိုင်တယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ပြောထားပါတယ်။ 


loading...

က္က