အစိုးရအစီအစဉ်နဲ့လေကြောင်းလိုင်းက ပြန်လည်ခေါ်ဆောင်ထားသူက (၄၅၀၀)ကျော်ရှိနေပါပြီ။

COVID ကာလမှာ နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံတော်အစီအစဉ်နဲ့လေကြောင်းလိုင်းတွေကနေပြန်လည်ခေါ်ဆောင်ပေးလျှက်ရှိပါတယ်။

ဒီကနေ့မှာလည်းအစိုးရအစီအစဉ်နဲ့ပြန်လည်ခေါ်ဆောင်လာတဲ့ ကိုရီးယားရောက်မြန်မာနိုင်ငံသား (၉၂)ဦးအပါအဝင် ဘယ်လ်ဂျီယံ ၊ နော်ဝေ၊ ဆွစ်ဇာလန်နဲ့ အမေရိကန်တို့မှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား (၃၇)ဦး စုစုပေါင်း (၁၂၉)ဦးကို ပြန်လည်ခေါ်ဆောင်လာတဲ့လေယာဉ်က မနက် (၈)နာရီမှာ ရန်ကုန်လေဆိပ်ကိုဆိုက်ရောက်ခဲ့ပါတယ်။ 



ပြန်လည်ခေါ်ဆောင်လာတဲ့သူတွေကိုတော့ ရန်ကုန်က Quarantine အသီးသီးမှာထားရှိပြီး (၂၁)ရက်ကြာအသွားအလာသန့်သတ်မယ်လို့သိရပါတယ်။ မေလပိုင်းကစပြီး ပြည်ပရောက်မြန်မာနိုင်ငံသားတွေကိုပြန်လည်လက်ခံလျှက်ရှိရာမှာ အစိုးရအစီအစဉ်နဲ့လေကြောင်းလိုင်းက ပြန်လည်ခေါ်ဆောင်ထားသူက (၄၈၉၃) ဦးရှိပြီလို့ သိရပါတယ်။ နယ်စပ်ဂိတ်ပေါက်တွေကနေ တဆင့်ပြန်လည်ဝင်ရောက်လာသူတွေကလည်း သောင်းဂဏန်းအထက်မှာရှိနေပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ပြည်ပကပြန်လာတဲ့သူတွေထဲက ရောဂါပိုးတွေ့ရှိမှု (၁၀၆)ဦးထိရှိနေပြီး ပြန်လည်ပျောက်ကင်းတဲ့သူတွေလည်း ရှိနေတယ်။

လက်ရှိအချိန်ထိတော့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို လေယာဉ်နဲ့ပြန်လည်ခေါ်ဆောင်မှုတွေရှိနေသေးပြီး ရန်ကုန်မှာ စီစဉ်ထားတဲ့ Quarantine စင်တာ(၃၃)ခုမှာ သာ လူပြည့်သွားရင်တော့ ခေါ်ဆောင်မှုကို ယာယီရပ်နားထားမယ်လို့လည်း သိရပါတယ်။ ဒီလကုန်အထိတော့ ကွာရန်တင်းထားဖို့ နေရာအလုံအလောက်ရှိနေပြီး ဖောင်ကြီးကုသရေးစင်တာနဲ့ လှော်ကားက ရဲသင်တန်းကျောင်းတို့မှာလည်း ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က