လက်ရှိမှာ ရန်ကုန်ဆေးရုံကြီးပို့ဆောင်ထားကြောင်း သိရပါတယ်။

ဒီနေ့ သြဂုတ်လ ၂၇ရက် မနက်၁၀နာရီဝန်းကျင်က မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းကွင်း အရှေ့ဘက် ၊ ပန်းဆိုးတန်းတံတားအဆင်းအနီးမှာ ကိုယ်အပူချိန်မြင့်တက်နေတဲ့ လူတစ်ဦးကို လာရောက်စွန့်ပစ်သွားတယ်လို့ လင်းလက်လူမှုကူညီရေးအသင်းက သိရပါတယ်။

ဓာတ်ပုံ- လင်းလက်လူမှုကူညီရေးအသင်း

စွန့်ပစ်ခံခဲ့ရတဲ့ အမျိုးသားမှာ အသက် ၅၆နှစ် အရွယ် ဦးကျော်နိုင် ဆိုသူဖြစ်ပြီး ကားတစ်စီးပေါ်ကနေ ပစ်ချခဲ့ကြောင်း၊ သူ့မှာ မှတ်ပုံတင်လည်းပါလာကြောင်း အနီးဝန်းကျင်ရှိ အနှေးယာဉ်လုပ်သားတွေက ပြောခဲ့တယ်လို့ လင်းလက်လူမှုကူညီရေးအသင်းက Duwun ကို ပြောပါတယ်။



" ကျွန်မတို့ကိုလည်း အကြောင်းကြားလို့ သွားခဲ့တာပါ ။ အဖျား ၁၀၀ကျော်လောက်ရှိပါတယ် ။ PPE ဝတ်ပြီး သေချာကောက်ခဲ့ပါတယ် ။ ကားနဲ့ပစ်ခဲ့တယ်လို့ အနားက ဆိုက်ကားဂိတ်က ပြောတယ် ။ ကားနံပါတ်မှတ်မိတယ်လို့တော့ ပြောသံမကြားမိဘူး ။ ထပ်စုံစမ်းရမှာပေါ့ "

လို့ လင်းလက်လူမှုကူညီရေးအသင်း ဥက္ကဌ ဒေါ်ဇော်မိမိက Duwun ကို ပြောပါတယ်။

ဒါကြောင့် လက်ရှိမှာတော့ စွန့်ပစ်ခံရသူ အမျိုးသားကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားခဲ့ပြီး ကိုယ်အပူချိန်မြင့် တက်နေတာကြောင့် ကိုဗစ်သံသယလူနာ ဟုတ်မဟုတ်ကိုတော့ ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ အဆိုပါ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က