ဓနုဖြူမြို့နယ် ဒေသခံပြည်သူမျာနှင့်တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။
Ei Ei Htun
မြေယာတွေနဲ့ပက်သက်ပြီး ကြုံတွေ့ရတာက သိမ်းထားတဲ့သူတွေက ပြန်မပေးချင်လို့ အချိန်ဆွဲနေတာတွေရှိသလို တောင်သူတွေအနေနဲ့ကလည်းကိုယ့်လယ်ယာမြေတွေကို မှန်မှန်ကန်ကန်နဲ့ တင်ပြပြီး ပြန်လည်တောင်ခံကြဖို့လိုတယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

အရင်တုန်းက အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းခဲ့တဲ့လယ်ယာတွေကို မူလပိုင်ရှင်ထံ အမြန်ဆုံးလွှဲပြောင်းပေးအပ်နိုင်ရေးကို နိုင်ငံတော် သမ္မတရုံးကဦးစီးပြီး အလေးပေးဆောင်ရွက်နေတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဇွန်လ(၂၈)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်က ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲမှာ အခုလိုပြောကြားခဲ့တာပါ။

“ကျွန်မအနေနဲ့ နိုင်ငံအနှံ့အပြားကပြည်သူတွေနဲ့တိုက်ရိုက်ထိတွေ့ ဆက်ဆံရတဲ့အခါမှာ ဘယ်နေရာမှာပဲရောက်ရောက် လူထုကတင်ပြတဲ့အထဲမှာ လယ်ယာမြေကိစ္စကထိပ်ဆုံးက အများဆုံးဖြစ်နေတယ်။ ဒါကြောင့်လယ်ယာမြေကိစ္စတွေကို အမြန်ဆုံးပြီးပြတ်အောင်ဆောင်ရွက်ဖို့တွန်းအားပေးနေပါတယ်။ လယ်ယာမြေကိစ္စနဲ့ပက်သက်ပြီး လက်တွေ့မြေပြင်မှာ နှစ်နဲ့ချီပြီးစောင့်ဆိုင်းနေရတဲ့ ကိစ္စရပ်တွေ အများကြီးကျန်နေသေးတယ်။ ဝန်ထမ်အင်အားမလုံလောက်တာလား၊ လုပ်ထုံးလုပ်နည်းကကြာနေတာလား၊ တာဝန်ယူတာဝန်ခံမှုမရှိဘဲ ဟိုဘက်ဒီဘက်လွှဲနေတာနဲ့ မပြီးပြတ်တာလားဆိုတာတွေကိုသေချာစီစစ်ပြီး ဆောင်ရွက်ဖို့လိုတယ်” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့တာပါ။

ဓနုဖြူမြို့နယ်ဒေသခံပြည်သူများနဲ့ တွေ့ဆုံစဉ်

မြေယာတွေနဲ့ပက်သက်ပြီး ကြုံတွေ့ရတာက သိမ်းထားတဲ့သူတွေက ပြန်မပေးချင်လို့ အချိန်ဆွဲနေတာတွေရှိသလို တောင်သူတွေအနေနဲ့ကလည်းကိုယ့်လယ်ယာမြေတွေကို မှန်မှန်ကန်ကန်နဲ့ တင်ပြပြီး ပြန်လည်တောင်းခံကြဖို့လိုတယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့တာပါ။

ကိုယ်မပိုင်ဆိုင်ဘဲသိမ်းထားတဲ့ဟာကို ဖက်တွယ်မနေဘဲ မြန်မြန်ဆန်ဆန်ပြန်ပေးလိုက်တာက အားလုံအတွက်ကောင်းပြီး သက်ဆိုင်ရာတွေကလည်း ကူညီပေးကြဖို့အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပြောကြားခဲ့ပါသေးတယ်။

ဓနုဖြူမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ လူထုတွေ့ဆုံပွဲကိုတော့ နိုင်ငံတော်အကြီးအကဲများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာအဖွဲ့စည်းမှတာဝန်ရှိသူများနှင့် ဒေသခံပြည်သူ (၂၀၀၀) ကျော်တက်ရောက်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က