သတ်မှတ်ထားတဲ့ကျောင်းသားဦးရေထဲကမှ ရာခိုင်နှုန်းနဲ့ပြန်ခေါ်တာပါ။
Ei Ei Htun

တစ်နှစ်နဲ့တစ်နှစ် ခေါ်ယူမယ့် ကျောင်းသားဦးရေထက်ပိုပြီးတော့ အမှတ်နည်းတဲ့သူတွေကိုထပ်ခေါ်တာမဟုတ်ဘဲ သတ်မှတ်ထားတဲ့ကျောင်းသားဦးရေထဲကမှ အဆိုပါဒေသတွေနဲ့ကိုက်ညီတဲ့သူတွေကို အမှတ်မကြည့်ပဲရွေးချယ်တာဖြစ်တယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကပြောပါတယ်။ 

photo- ဆေးတက္ကသိုလ် (၁) ရန်ကုန်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနှင့် ဝေးလံတဲ့ဒေသတွေအတွက် ဆေးတက္ကသိုလ်ဝင်ခွင့်ကျောင်းသားများကို အမှတ်အကန့်အသတ်မရှိခေါ်ယူမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။ နာဂ၊ ဓနု၊ ပအိုင်ဝ်း၊ ပလောင်၊ ကိုးကန့်၊ “ ဝ” နှင့် နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ ဒေသစရိတ်ခံစားခွင့်ရှိတဲ့ ဒေသများမှကျောင်းသား၊ကျောင်းသူများလျှောက်ထားခွင့်ရရှိမှာလည်းဖြစ်ပါတယ်။

“ ဝေးလံဒေသတွေအတွက်တော့ ရာခိုင်နှုန်းနဲ့ပြန်ပေးတာ။ ဒါကိုလည်းကျွန်တော်တို့ဘက်ကရွေးချယ်တာမဟုတ်ဘူး။ ကျန်းမာရေးနဲ့ လူ့စွမ်းအားက နှစ်တိုင်းရွေးချယ်တာ၊ ဒီနှစ်မှမဟုတ်ဘူး။ တက္ကသိုလ်အားလုံးအတွက် ဒီနှစ်မှာ လူဦးရေ ၁၂၀၀ရွေးတယ်ဆိုရင် အဲဒီထဲကမှ ရာခိုင်နှုန်းနဲ့ ဝေးလံဒေသတွေအတွက် ပြန်ရွေးတဲ့သဘော။ ဝေးလံဒေသတွေအတွက်ပြန်ရွေးတဲ့သူတွေကျတော့ ကျန်းမာရေးနဲ့ လူ့စွမ်းအားက သူတို့ရဲ့သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့သူကိုထည့်ပေးတယ်” လို့ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက Duwun ကိုပြောပါတယ်။

photo- ဆေးတက္ကသိုလ် (၁) ရန်ကုန်

တစ်နှစ်နဲ့တစ်နှစ် ခေါ်ယူမယ့် ကျောင်းသားဦးရေထက်ပိုပြီးတော့ အမှတ်နည်းတဲ့သူတွေကိုထပ်ခေါ်တာမဟုတ်ဘဲ သတ်မှတ်ထားတဲ့ကျောင်းသားဦးရေထဲကမှ အဆိုပါဒေသတွေနဲ့ကိုက်ညီတဲ့သူတွေကို အမှတ်မကြည့်ပဲရွေးချယ်တာဖြစ်တယ်လို့ ဒေါက်တာသိန်းဝင်းကပြောပါတယ်။

ဒီဒေသတွေမှာ လျှောက်ထားတဲ့သူတွေက မိဘနှစ်ပါးလုံးမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ထားရမှာဖြစ်ပြီး လျှောက်ထားသူကလည်း အဆိုပါဒေသမှာ အခြေခံပညာ အဌမတန်းနဲ့ နဝမတန်းပညာသင်ကြားခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း အဆိုပါဒေသမှအောင်မြင်ထားတဲ့သူဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ဝင်ခွင့်လျှောက်ထားလိုသူတွေအနေနဲ့ကတော့ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန နေပြည်တော်ရုံးကို စက်တင်ဘာလ(၃၀)ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားရမှာဖြစ်တယ်လို့ ကြေညာချက်မှာပါရှိပါတယ်။ ယခု (၂၀၁၉)ခုနှစ်မှာတော့ မြန်မာနိုင်ငံမှာဆေးတက္ကသိုလ်အားလုံးအတွက် ဝင်ခွင့်သင်တန်းသား(၁၂၀၀)ဦးကို လက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်။ ယခုနှစ်ဆေးတက္ကသိုလ်ဝင်ခွင့်အမှတ်တွေကိုတော့ ကျား (၄၈၂)မှတ်နဲ့ မ (၄၉၅)ဆိုပြီး သတ်မှတ်ထားတာပါ။ 


က္က