တရားခံကို အခင်းဖြစ်တဲ့နေ့ညမှာပဲ ဖမ်းမိခဲ့တာပါ။

မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်လေးရပ်ကွက်၊ တိုက်နံပတ်(၉၄) ကတိုက်လှေကားမှာဖြစ်ပွားခဲ့တဲ့ ကိုယ်ဝန်ဆောင်မိန်းကလေးကို သတ်တဲ့ တရားခံကိုတော့ အခင်းဖြစ်ပွားခဲ့နေ့ ည (၈)နာရီလောက်မှာပဲ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

တရားခံက အသတ်ခံရတဲ့ မိန်းကလေးရဲ့ ရည်းစားဖြစ်ပြီး မိန်းကလေးက အသတ်ခံထားရတဲ့ အချိန်မှာ သားယောက်ျားလေးကိုယ်ဝန်ကို လွယ်ထားရသူဖြစ်တယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက Duwun ကိုပြောပါတယ်။

“ တရားခံက အသတ်ခံရတဲ့ ကောင်မလေးရဲ့ ရည်းစား။ အသက်က (၁၈)နှစ်တောင်မပြည့်သေးဘူး။ ကောင်မလေးကတော့ အသက်(၂၀)ကျော်အရွယ်ဖြစ်တယ်။ ရဲစစ်ဆေးချက်တွေအရ အခင်းဖြစ်တဲ့နေရာမှာ သူတို့အချင်းချင်း စကားများကြပြီးတော့ ကောင်လေးက ဝက်အူလှည့်တဲ့ ကောင်မလေးကိုထိုးသတ်တဲ့သဘော။ တရားခံကောင်လေးက အသက်မပြည့်သေးပေမယ့် အမှုကိစ္စကိုတော့ ရဲဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းတိုင်းသွားပါလိမ့်မယ်” လို့ ဦးလှဌေးကပြောပါတယ်။ 

သေဆုံးသူ မိန်းကလေးက လှိုင်သာယာမှာနေသူ ဖြစ်ပြီး ကျူးလွန်သူ တရားခံကတော့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာနေထိုင်သူဖြစ်ပါတယ်။

ကောင်မလေးသေဆုံးချိန်မှာ လည်ပင်းမှာ ထိုးသွင်း ဒဏ်ရာ (၁၄)ချက်နဲ့ ရင်ဘတ်နဲ့ ဝမ်းပိုက်မှာလည်း ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်တယ်ုလို့ သိရပါတယ်။ 

မနေ့က အခင်းဖြစ်ပွားရာ တိုက်ခန်းအနီးက CCTV မှတ်တမ်းများကို စစ်ဆေးတဲ့ အထိ ထူးခြားချက်မတွေ့ရှိရဘဲ ညနေပိုင်းမှာတော့ အခင်းဖြစ်ရာ လမ်းနှင့် ရပ်ကွက်အတွင်းရှိ CCTVတို့ကနေ တစ်ဆင့် စစ်ဆေးရာမှာ မသင်္ကာသူကို တွေ့ရှိခဲ့ရပြီး တရားခံကိုတော့ ညပိုင်းမှာဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဦးလှဌေးကပြောပါတယ်။ အမှုကိစ္စနဲ့ ပတ်သက်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းကို ဆက်သွယ်ရာမှာတော့ ဖြေကြားခြင်းမရှိခဲ့ပါဘူး။ 



က္က