ကြက်တိုက် နေသူ ၁၀ ဦးအနက် ၃ ဦးကို ဖမ်းမိခဲ့တာပါ။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်မှာ ကြက်တိုက် လောင်းကစားပြုလုပ်သူ ၃ ဦးကို ဖမ်းဆီးပြီး ထောင်ဒဏ် ၆ လ အထိ ကျနိုင်တဲ့ပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။

Pboto- Mandalay Police

ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၃ နာရီခွဲအချိန်လောက်က ပုသိမ်ကြီးမြို့မရဲစခန်းတပ်ဖွဲ့ဝင်တွေက ကြက်တိုက်လောင်းကစားပြုလုပ်နေတဲ့သတင်းအရ သွားရောက်ရှာဖွေရာ ဆင်ရွာကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာစံကျေးရွာ၊ အနောက်လယ်မြေ ကွက်မှာ ကြက်တိုက်နေသူ ၁၀ ဦးခန့်တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

၁၀ ဦးအနက် အသက် ၅၂ နှစ်အရွယ် ဦးဝင်းကျော်၊ အသက် ၆၅ နှစ်အရွယ် ဦးသန်းလွင် နဲ့ အသက် ၄၆ နှစ်အရွယ် ဦးသန်းနိုင်ဦးတို့ ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲထုတ်ပြန်ချက်အရသိရပါတယ်။ သူတို့ ၃ ဦးနဲ့ အတူ ကြက် ၂ ကောင်၊ လောင်းကြေးငွေ ၁၅၈၇၅ ၀ ကျပ်၊ ဖုန်း ၁ လုံးနဲ့ ကြက်တိုက်လောင်းကစားရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။

လက်ရှိတော့ ကြက်တိုက်သူ ၃ ဦးကို ပုသိမ်ကြီးမြို့မရဲစခန်းက(ပ)၁၀၅/၂၀၁၉၊ မှာ ပြစ်မှုထင်ရှားပါက ထောင် (၆) လ ဒါမှမဟုတ် ဒဏ်ငွေ ငါးသောင်း ကျပ်အထိ ချမှတ်နိုင်တဲ့ လောင်းကစားဥပဒေပုဒ်မ ၁၂(က)အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်နေတယ်လို့သိရပါတယ်။



က္က