(၁၀)နှစ်အရွယ်ကလေးတစ်ဦးလည်းပါဝင်ပါတယ်။
Ei Ei Htun

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ လက်ရှိ COVID 19 အတည်ပြုလူနာ (၆)ဦးရှိပြီး အားလုံးက ကျန်းမာရေးကောင်းမွန်လျှက်ရှိတယ်လို့ ကလေးမြို့ ကုတင်(၃၀၀)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်းက ပြောပါတယ်။ 

ဒီကနေ့ မေလ(၈)ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ကလေးက လူနာတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ 

“ လက်ရှိ ကလေးမှာပိုးတွေ့လူနာ (၆)ဦးရှိပါတယ်။ အားလုံးက အခြေအနေကောင်းပါတယ်။ ဘာရောဂါလက္ခဏာမှမရှိပါဘူး။ မကြာခင်မှာအားလုံးနေကောင်းသွားလိမ့်မယ်လို့ယုံကြည်မိပါတယ်” လို့ ဒေါက်တာအောင်မျိုးဝင်းက ပြောပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ COVID 19 အတည်ပြုလူနာ (၇)ဦးရှိပြီး (၁)ဦးက စစ်ကိုင်းမြို့ကဖြစ်ကာ (၆)ဦးက ကလေးမြို့ကဖြစ်ပါတယ်။ 

ကလေးက လူနာ (၆)ဦးစာရင်းထဲမှာတော့ (၁၀)နှစ်အရွယ်ကလေးတစ်ဦးလည်းပါဝင်နေပါတယ်။ 

ကလေးမြို့မှာက COVID 19နဲ့ ပတ်သက်လို့ အသိပညာပေးတွေကိုလုပ်ဆောင်ရာမှာလည်း ၈၀%နှုန်းလောက်ကလိုက်နာမှုတွေရှိပြီး အနည်းကျဉ်းကတော့ လိုက်နာမှုတွေအားနည်းနေတယ်လို့လည် းသိရပါတယ်။ 

ကလေးက အတည်ပြုလူနာတွေကို ကုသရေးလုပ်ငန်းတွေလုပ်ဆောင်ရတဲ့အခါမှာ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေတယ်လို့ တင်ပြလာတဲ့အပေါ်မှာတော့ အတိုင်ပင်ခံပုဂ္ဂိုလ်က COVID ကို ကာကွယ်တဲ့အခါမှာ ဝန်ထမ်းတွေတင်မဟုတ်ဘူး ပြည်သူတွေကလည်း စိုးရိမ်မှုတွရှိသလို အားလုံးရဲ့ စိတ်ဓာတ်ရေးရာပိုင်းနဲ့ဆိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

COVID ကာလက ဘယ်အချိန်ထိသွားမလဲဆိုတာမသိတာကြောင့် အားလုံးက စိုးရိမ်လွန်ပြီး မနက်ဖြန်အတွက်ပူမနေဘဲ ဒီနေ့ကိုပဲအကောင်းဆုံးဖြတ်သန်းကြဖို့လိုတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က