ကလေးမြို့မှာ ရောဂါပိုးတွေ့ရှိထားသူ ၆ဦးရှိပါတယ်။
Kyaw Ko Ko Sint

ပထမအကြိမ်စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ပေမယ့် ဒုတိယအကြိမ် ထပ်မံ ဆေးစစ်ဆေးဖို့ လိုသေးတယ်လို့လည်း သိရပါတယ်။

ကလေးမြို့က အသက် ၄၇နှစ်အရွယ် လူနာနံပါတ် ၈၈ အမျိုးသမီးနဲ့ အနီးကပ်ထိတွေ့ခဲ့သူ ၁၂ဦးရဲ့ ဓာတ်ခွဲနမူနာ စစ်ဆေးချက်မှာ ရောဂါပိုးမတွေ့ရှိဘူးလို့ ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူက Duwunကိုပြောပါတယ်။

အဆိုပါရောဂါပိုးမတွေ့တဲ့ စောင့်ကြည့်လူနာစာရင်းကတော့ မနေ့ည(ဧပြီလ ၂၆)မှာ ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနက ထုတ်ပြန်တဲ့ ပထမအသုတ် ဓာတ်ခွဲအဖြေ ၁၄၂ ဦးစာရင်းမှာ ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

“မနေ့ညကထုတ်ပြန်တဲ့ပထမအသုတ်ပိုးမတွေ့လူနာစာရင်းထဲမှာပါဝင်ပေမယ့် ကလေးမြို့နယ် ဆေးရုံအုပ်ကြီးက တော့ ဒီစောင့်ကြည့်လူနာတွေကို ဒုတိယအကြိမ်ထပ်မံ ဆေးစစ်အုံးမယ်လို့ သိရပါတယ်။”လို့ ဒေါ်အေးအေးမူက ပြောပါတယ်။

လူနာနံပါတ် ၈၈ရဲ့ သားဖြစ်သူ လူနာနံပါတ် ၁၁၆နဲ့ ထိတွေ့ခဲ့သူ ၂၄ဦးရှိပြီး သူတို့ရဲ့ ဆေးစစ်ချက်အဖြေတွေကို တော့ ဒီကနေ့ညမှာ ထပ်မံသိရဖို့ ရှိတယ်လို့လည်း ဒေါ်အေးအေးမူက ဆက်လက်ပြောပါတယ်။

ကလေးမြို့နယ်က ပိုးတွေ့လူနာ ၆ဦးအနက် လူနာနံပါတ် ၈၈နဲ့ လူနာနံပါတ် ၁၁၄၊၁၁၅၊၁၁၆နဲ့၁၁၇တို့မှာ မိသားစုဝင်တွေဖြစ်ပြီး လူနာနံပါတ် ၈၈ကတော့ မြန်မာနိုင်ငံမှာ ပထမဆုံးပိုးတွေ့လူနာ နံပါတ် ၁ရဲ့ ဧည့်ခံထမင်း ဖိတ်ကျွေးမှုမှာပါဝင်ခဲ့ပြီးနောက် ရောဂါပိုးကူးစက်ခံရသူလို့သိရပါတယ်။

ကျန်တစ်ဦးဖြစ်တဲ့ လူနာနံပါတ် ၇၄ လူနာနံပါတ် ၁ နဲ့ သူ့ရဲ့မိခင် လူနာနံပါတ် ၂၃တို့ ထိတွေ့မှုရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က