အနံ့မရလို့ ဆေရုံသွားပြခဲ့ရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။

ဒီမနက်ထပ်တိုးလူနာစာရင်းထဲမှာ ပါရှိလာတဲ့ ကမာရွတ်မြို့နယ်က ပိုးတွေ့လူနာ (၄)ဦးက မိသားစုတစ်စုတည်းဖြစ်တယ်လို့ သိရပါတယ်။

 လွန်ခဲ့တဲ့ နှစ်ရက်လောက်က မိသားစုလိုက် အနံ့မရလို့ ရပ်ကွက်တာဝန်ရှိသူတွေက အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဓာတ်ခွဲ စစ်ဆေးရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ သူတို့မိသားစုနေထိုင်ရာ နေအိမ်ကို lock down လုပ်ပြီး ထိတွေ့ထားသူတွေကိုလည်း ကွာရန်တင်းထားရှိသွားမယ်လို့ သိရပါတယ်။

“ (၄)ယောက်လုံးက မိသားစုတွေပါ။ အဖေ၊ အမေနဲ့ သားသမီးနှစ်ယောက်။ သူတို့မိသားစုက အတည််််ပြုလူနာနဲ့ ထိတွေ့ထားတာမရှိဘူး။ မိသားစုလိုက် အနံ့မရလို့ ဆေးရုံကိုပို့ပြီး စစ်ဆေးခဲ့ရမှာ ရောဂါပိုးတွေ့ခဲ့တာပါ။ အခု သူတို့ မိသားစုနဲ့ ထိတွေ့ထားသူ (၅)ဦးတော့ ရှိတယ်။ ကွာရန်တင်းထားရှိသွားမှာပါ” လို့ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက Duwun ကို ပြောပါတယ်။ 



သူတို့ မိသားစုက အင်းစိန်ဆေးရုံမသွားခင် အပြင်ဆေးခန်းတစ်ခုမှာ သွားရောက်ပြသခဲ့ပြီး ဆေးခန်းက ဆရာဝန်က တာဝန်ရှိသူတွေကို လှမ်းအကြောင်းကြားလို့ တာဝန်ရှိသူတွေက အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိအဆိုပါ ပိုးတွေ့လူနာမိသားစုနဲ့ ထိတွေ့ထားသူ (၅)ဦးမှ ဆေးခန်းက ဆရာဝန်အပါအဝင်၊ အိမ်မှာ ကျန်ရှိတဲ့ အတူနေနှစ်ယောက်နဲ့၊ ပိုးတွေ့လူနာမိန်းကလေးနဲ့အတူ အလုပ်အတူလုပ်တဲ့ သူ နှစ်ဦးဖြစ်တယ်လို့ ဦးသိန်းဇော်ဦးကပြောပါတယ်။ 

ပိုးတွေ့လူနာ မိသားစုက စံပယ်(၂)လမ်း (၃)ရပ်ကွက်၊ ကမာရွတ်မြို့နယ်မှာနေထိုင်တဲ့သူတွေဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက် ထပ်တိုးလူနာ (၂၂)ဦးမှာ ရန်ကုန်က (၂၀)ဦးထိပါဝင်ခဲ့ပါတယ်။ ဒီမနက်ထုတ်ပြန်ချက်အထိ တစ်နိုင်ငံလုံး အတည်ပြုလူနာ (၁၁၃၃)ဦးရှိကာ သေဆုံးသူ (၇)ဦးနဲ့ ပြန်လည်ပျောက်ကင်းသူ (၃၅၉)ဦးရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က