အောက်ဆီဂျင်ပြတ်ပြီးသေဆုံးခဲ့တာပါ။

ဆောက်လက်စ ကန်ထရိုက်အတွင်းမှာရှိတဲ့ မြေအောက်ရေကန်ကိုဆင်းတူးရင်းနဲ့အောက်ဆီဂျင်ပြတ်သေဆုံးခဲ့တာဖြစ်ပြီးတော့ သေဆုံးသူတွေကိုလည်း ဆေးရုံမှာ စစ်ဆေးမှုတွေဆောင်ရွက်နေသလို၊ ကျန်လုပ်စရာရှိတဲ့ ကိစ္စတွေကိုတော့ အုပ်ချုပ်ရေးပိုင်းနဲ့ တာဝန်ရှိသူတွေက ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကြည့်မြင်တိုင်မြို့နယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်က ပြောပါတယ်။


ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်ထီးတန်း(၄)လမ်းမှာ ဆောက်လက်စအဆောက်အဦးအတွင်း မြေအောက်ရေကန်တူးဖော်ရာကနေ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့တဲ့ အလုပ်သမား(၃)ဦးရဲ့အလောင်းကို ဆေးရုံကိုပို့ဆောင်ထားပြီး စစ်ဆေးမှုတွေဆောင်ရွက်နေတယ်လို့ ကြည့်မြင်တိုင်မြို့နယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်က ပြောပါတယ်။

“ ဖြစ်စဉ်က လက်ရှိမှာတော့ ကျွန်တော်တို့ကိုအကြောင်းကြားထားတာတော့ရှိတယ်။ အဓိကကတော့ ဆောက်လက်စ ကန်ထရိုက်အဆောက်အဦမှာ ရှိတဲ့ မြေအောက်ရေကန်ကို ဆင်းတူးရင်းနဲ့အောက်ဆီဂျင်ပြတ်တာ။ ကန်ထရိုက်အဆောက်အဦဖြစ်တယ်။ အစိုးရကတူးတဲ့ရေကန်တွေဘာတွေမဟုတ်ဘူး။ လက်ရှိမှာတော့ သေဆုံးသူတွေရဲ့ body တွေကိုဆေးရုံပို့ထားတယ်" လို့ ဦးကျော်နန္ဒအောင်က Duwun ကိုပြောပါတယ်။

သတင်းတွေပြန့်နေသလို အဆောက်အဦပြိုကျတယ်ဆိုတာမဟုတ်ဘူးလို့လည်း ဦးကျော်နန္ဒအောင်ကပြောပါတယ်။ဒီသတင်းနဲ့ ပတ်သက်ပြီး လက်ရှိဒါကသိထားသလောက်ဖြစ်ပြီး တခြားသတင်းတွေဘာတွေ သူတို့ဆီ ထပ်ပြီးအကြောင်းကြားတာမရှိဘူးလို့ဆိုပါတယ်။



ဖြစ်စဉ်နဲ့ ပတ်သက်လို့ အဆိုပါအဆောက်အဦအနီးမှာ နေထိုင်တဲ့ ပြည်သူတစ်ဦးကို Duwun ကသွားရောက်မေးမြန်းတဲ့အခါမှာ

“ စမ်းချောင်း Ambulance ကားလာမှ ဘာကြောင့်ဖြစ်တယ်ဆိုတာသိရတာ။အစောပိုင်း အဲ့ဒီတိုက်ရှေ့မှာ သံချည်သံကွေး လုပ်နေတဲ့သူ(၃)ဦးနဲ့တောင် အန်တီအဲဒီနားကဖြတ်သွားရင်းစကားတွေပြောဖြစ်သေးတယ်။ Ambulanceကားလာမှ တိုက်ပေါ်ကတစ်ယောက်ယောက်ပြုတ်ကျသလား။ ဘာဖြစ်လဲဆိုပြီး သတိထားမိသွားတာ။နောက်တော့မဟုတ်ဘူး အနားသွားကြည့်မှ အဆောက်အဦရဲ့လှေကားအနောက်ဖက်မှာရှိတဲ့ ရေကန်ထဲကို ပြုတ်ကျပြီးသေတာဆိုပြီး ပြောလာကြတာ။အစောပိုင်းကြားတာကနှစ်ယောက်ဆိုပြီးကြားတာ။ ပြီးမှ(၃)ယောက်ဆိုတာသိရတာ” လို့ ပတ်ဝန်းကျင်အနီးမှာနေထိုင်သူ ဒေါ်ပြုံးပြုံးဦးက Duwun ကိုပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သေဆုံးသူတွေကိုလည်း ဆေးရုံမှာ စစ်ဆေးမှုတွေဆောင်ရွက်နေသလို၊ ကျန်လုပ်စရာရှိတဲ့ ကိစ္စတွေကိုတော့ အုပ်ချုပ်ရေးပိုင်းနဲ့ တာဝန်ရှိသူတွေက ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က