က.ည.နရုံးကို ကိုဗစ်ကြောင့် ၃လနီးပါးကြာ ပိတ်ထားခဲ့တာပါ။
Kyaw Ko Ko Sint

ဇွန်လ ၈ရက်နေ့က ပြန်လည်ဖွင့်လှစ်တာဖြစ်ပြီး ရန်ကုန်နဲ့မန္တလေးက ရုံးတွေမှာ အောက်တိုဘာ ‌နောက်ဆုံးပတ် အထိ စနေနေ့ကိုပါ ဝန်ဆောင်မှုပေးမယ်လို့သိရပါတယ်။

ကိုဗစ်ကြောင့် ၃ လနီးပါး ပိတ်ထားရတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှူ ဦးစီးဌာနကို မနေ့က ဇွန်လ ၈ရက်နေ့ မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

ပြန်လည်ဖွင့်လှစ်တဲ့ နေ့မှာပဲ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ယာဥ်အစီးရေ ၁၆၀၀ ကျော်နဲ့ လိုင်စင်အဆောင်ရေ ၂၆၀၀ ကျော် လာရောက်သက်တမ်းတိုးဆောင်ရွက်ခဲ့ကြတယ်လို့ တိုင်းဦးစီးမှူး ဦးသိန်းထွဋ်က Duwun ကို ပြောပါ တယ်။

“ကိုဗစ်ကြောင့် ပိတ်ထားတဲ့ကာလမှာ သက်တမ်းမတိုးဖြစ်သေးတဲ့ လိုင်စင်တွေအတွက် ကျွန်တော်တို့ဘက်က အစားထိုး သက်တမ်းတိုးနိုင်မယ့်ရက်ကို ကြေညာထားပါတယ်။ မနေ့က ပြန်လည်စတင်ဖွင့်လှစ်တဲ့နေ့မှာပဲ ရန်ကုန် တိုင်း တစ်တိုင်းလုံးက ယာဥ်အစီးရေ ၁၆၀၀ ကျော် လာရောက်သက်တမ်းတိုးသလို လိုင်စင်အဆောင်ရေ လည်း ၂၆၀၀ကျော် သက်တမ်းတိုးခဲ့ကြပါတယ်။”လို့ ဦးသိန်းထွဋ်က ပြောပါတယ်။

ကညနရုံးပြန်ဖွင့်ချိန်မှာ ကိုဗစ်နဲ့ပတ်သက်ပြီးသတ်မှတ်စည်းကမ်းတွေကို ဦးစီးဌာနဖက်ကထုတ်ပြန်ထားပေမယ့် လည်း စည်းကမ်းလိုက်နာမှု အားနည်းတယ်လို့လည်း တိုင်းဦးစီးမှူး ဦးသိန်းထွဋ်က Duwunကိုဆက်လက်ပြောပါ တယ်။

“ကျွန်တော်တို့ဘက်ကတော့ လာတဲ့သူတွေကို ၆ ပေခြားဖို့၊ လက်ဆေးဖို့၊ နှာခေါင်းစည်းတပ်ဖို့ ကြေညာထားပါ တယ်။ မလိုက်နာရင်တော့ ဖမ်းဆီးတာတော့လုပ်လို့မရပါဘူး။ ဝန်ထမ်းတွေလည်း အကာအကွယ်တွေနဲ့နေပြီး အထဲက လုပ်ကြတယ်၊ အပြင်က လူတွေလည်း လိုက်နာဖို့ ပြောပေမယ့် လိုက်နာကြတာလည်း သိပ်မတွေ့ရပါ ဘူး”လို့ ဦးသိန်းထွဋ်က ပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန်တိုင်းနဲ့မန္တလေးတိုင်းရှိ ရုံးများတွင် အပတ်စဥ် စနေနေ့ကိုပါ စက်တင်ဘာ ‌ နောက်ဆုံးပတ်အထိ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမယ်လို့လည်း ထုတ်ပြန်ကြေညာပေးထားပါတယ်။

သက်တမ်းတိုးရမယ့် လိုင်စင်တွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နံပါတ်အလိုက် နေ့ရက်တွေကိုလည်း ဝက်ဘ်ဆိုဒ်မှာ ထုတ်ပြန်ကြေညာပေးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က