ငါးနှစ်အတွင်း ဝန်ထမ်းစည်းမျဉ်းဥပဒေနဲ့ အရေးယူဆောင်ရွက်ခဲ့တဲ့ဦးရေလို့သိရပါတယ်။
Ye Yint Htay

၂၀၁၆ ခုနှစ်၊ ဧပြီလကနေ ဒီနေ့အထိ ရန်ကုန်တိုင်း ဒေသကြီးမှာဝန်ဆောင်မှုအားနည်းမှု၊ အဂတိလိုက်စားမှုတွေကြောင့် ပြည်ထောင်စုအဆင့်မှ အရေးယူထားသူ (၄၄)ဦး နဲ့တိုင်းဒေသကြီး၊ ခရိုင်အဆင့်မှ အရေးယူဆောင်ရွက် (၁၁၁)ဦး၊ စုစုပေါင်း (၁၅၅)ဦးရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကပြောပါတယ်။ 


မှတ်ပုံတင်၊သန်းခေါ င်စာရင်း ပြုလုပ်ရာမှာ အထောက်အထားအပြည့်အစုံရှိတဲ့ ဖိုင်တွဲတွေကို အကြိမ်ကြိမ်ရက်ချိန်း ပေးခြင်း၊ အချိန်ဆွဲထားခြင်း၊ မထုတ်ပေးဘဲ ညစ်ထားတာမျိုးတွေမရှိစေဖို့ ကြပ်မတ် ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။ ဇွန်လ ၃ ရက်နေ့၊ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ဒုတိယနေ့မှာမရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးရန်ရှင်းရဲ့ မှတ်ပုံတင် ၊သန်းခေါင်စာရင်း စတဲ့ ဌာနဆိုင်ရာလုပ်ငန်းတွေနဲ့ပတ်သက်ပြီး မေးမြန်းမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြန်လည်ပြောဆိုခဲ့တာပါ။


"နိုင်ငံသားကတ်လုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာမှု မရှိစေဖို့၊ အဂတိလိုက်စားမှုကင်းစင်ဖို့၊ မိမိဝန်ထမ်းများပြည်သူလူထုနှင့် ဆက်ဆံမှုကောင်းမွန်စေရေး တို့အတွက် အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှုနှင့်ငွေကြေးအရှုပ်အရှင်းကင်းကင်းရှင်းရှင်းနဲ့ ပြည်သူတွေ လိုလားချက်ကို ဆောင်ရွက်ပေးနိုင်ဖို့ကြပ်မတ်လုပ်နေတယ်။ ဥပဒေ၊ညွှန်ကြားချက်များအရ သတ်မှတ်ထားတဲ့ ရက်မပြည့်မီအထိ ထုတ်ပေးခြင်းမပြုဘဲ ညစ်ထားခြင်းမပြုလုပ်ဖို့ပေါ့။" လို့ဝန်ကြီးကဆိုပါတယ်။ ါ့အပြင် ရုံးတွေမှာ ပြင်ပပွဲစား၊ ရုံးတွင်းပွဲစားတွေနဲ့ ဆောင်ရွက်မှုမရှိစေဖို့အတွက်လည်း တင်းကြပ်မှုတွေလုပ်ထားတယ်လို့သိရပါတယ်။


အဂတိလိုက်စားမှုရှိကြောင်း စစ်ဆေးပေါ်ပေါက်ပါက စာဖြင့်သတိပေးခြင်း၊ နှစ်တိုးလစာရပ်ဆိုင်းခြင်း၊ ရာထူးတိုးမြှင့်ခြင်းကိုရပ်ဆိုင်းခြင်း၊ လစာလျှော့ချခြင်း၊ ရာထူးအဆင့်လျှော့ချခြင်း၊ ဆုံးရှုံးမှုတန်ဖိုးကိုပေးလျော်စေခြင်း၊ တာဝန်မှယာယီရပ်ဆိုင်းခဲ့သည့် ကာလအတွင်း လစာအပြည့်ခံစားခွင့်မပြုခြင်း သို့မဟုတ် ထိုကာလကို တာဝန်ချိန်အဖြစ် သတ်မှတ်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ်ပယ်ခြင်းစတဲ့ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအတိုင်း အရေးယူဆောင်ရွက်မှု တွေနဲ့ အရေးယူဆောင်ရွက်နေတယ်လို့သိရပါတယ်။ 


(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သည့် သတင်းဖြစ်ပါသည်။)


က္က