ကုမ္ပဏီဘက်က ဆန္ဒတစ်ခုတည်းနဲ့သာလုပ်ဆောင်နေတာပါ။
Ei Ei Htun

ဧပြီလ(၂၄)ရက်နေ့မှာ မင်္ဂလာတောင်ညွန့်မြို့နယ်က ယုဇနပလာဇာပြန်ဖွင့်မယ့် ကိစ္စက တိုင်းအစိုးရရဲ့ ညွှန်ကြားချက်နဲ့ ဖွင့်လှစ်မှာမဟုတ်ဘဲ သက်ဆိုင်ရာ ကုမ္ပဏီရဲ့ သဘောထားသာဖြစ်တယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ဒေါ်ဖြူဖြူသင်းက Duwun ကိုပြောပါတယ်။ 

ယုဇနပလာဇာပြန်ဖွင့်ဖို့အတွက် ဒီနေ့အထိတိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကို ကုမ္ပဏီဘက်ကအကြောင်းကြားခြင်းမရှိသလို တိုင်းအစိုးရကလည်းပြန်ဖွင့်ဖို့ညွှန်ကြားထားတာမရှိဘူးလို့လည်း သိရပါတယ်။

“ အမှန်ဆိုဒါက တစ်ခုတစ်ယောက်တစ်ဖက်တည်းဆန္ဒနဲ့ လုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ အားလုံးတိုင်ပင်ပြီးလုပ်ရမယ့်ကိစ္စ။ ပိတ်ဖို့တုန်းက တိုင်းအစိုးရရဲ့ ညွှန်ကြားချက်နဲ့ လုပ်ခဲ့ပြီးတော့ပြန်ဖွင့်တဲ့ အချိန်ကျမှာ ကုမ္ပဏီဘက်က ဆန္ဒတစ်ခုတည်းနဲ့လုပ်လို့မရဘူး။ ကုမ္ပဏီရဲ့ ဆန္ဒတစ်ခုတည်းနဲ့ ဖွင့်ပြီး ဒီကနေတစ်ဆင့် ရောဂါကူးစက်မှုတွေရှိလာရင်ဘယ်သူတာဝန်ယူမှာလဲ။ ဒီချိန်မှာ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ အားလုံးရဲ့ ဆန္ဒအတိုင်းလုပ်ဆောင်သင့်တယ်” လို့ ဒေါ်ဖြူဖြူသင်းကပြောပါတယ်။ 

ဧပြီလ(၁၀)ရက်နေ့ ကစပြီး မင်္ဂလာတောင်ညွန့်မြို့နယ်က ကုန်တိုက်တွေကို  ဆေးဆိုင်နဲ့ စားသောက်ကုန်ဆိုင်တွေက လွဲပြီး ပိတ်ဖို့ တိုင်းအစိုးရက ညွှန်ကြားထားခဲ့ပေမယ့် ဧပြီလ(၂၄)ရက်နေ့မှာ ယုဇနပလာဇာ တစ်ခုလုံးပြန်ဖွင့်ဖို့ ရှိတယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက Duwun ကိုပြောပါတယ်။ (၂၄)ရက်နေ့မှာ ပြန်ဖွင့်မယ်ဆိုတာက ကုမ္ပဏီရဲ့ ဆန္ဒတစ်ခုတည်းသာဖြစ်ပြီး တိုင်းအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ထားတာမရှိဘူးလို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က