အထွေထွေရွေးကောက်ပွဲနဲ့ ရောထွေးခဲ့ကြပါတယ်။
Aye Myat Mon

ရန်ကုန်မြို့ရဲ့ စည်ပင်ရွေးကောက်ပွဲကို မတ်လ ၃၁ ရက်နေ့မှာ ရန်ကုန်တိုင်းက မြို့နယ်၊ရပ်ကွက်တွေမှာ တစ်ပြိုင်နက်ကျင်းပခဲ့တာဖြစ်ပြီးတော့ ကနဦးထုတ်ပြန်ထားတဲ့ရလာဒ်တွေအရ NLD ပါတီဝင်တွေက မြို့နယ်တွေမှာ အနိုင်ရရှိမှုများတယ်လို့ သိရပါတယ်။

“ နိုင်တာကတော့ အားလုံးနိုင်ပါတယ်။ ဆိပ်ကမ်းကလွဲရင်ပေါ့။ရာခိုင်နှုန်းအားဖြင့်တော့ ၉၀ ကျော်လောက်ပါတယ်။ အကုန်လုံးအတိုင်းအတာနဲ့ပေါ့။” လို့ NLD ရဲ့ပြန်ကြားရေးတာဝန်ယူထားတဲ့ မုံရွာအောင်ရှင်က ဖြေကြားခဲ့ပါတယ်။



ရန်ကုန်ရဲ့စည်ပင်ရွေးကောက်ပွဲမှာ ဆိပ်ကမ်းတစ်နေရာတည်းကလွဲရင် ကျန်နေရာအများစုမှာ မဲအနိုင်ရရှိမှုများပြားခဲ့တယ်လို့ လည်းပြောပါတယ်။ မတ်လ ၃၁ ရက်နေ့စည်ပင်ရွေးကောက်ပွဲကိုတော့ မဲလာပေးသူဦးရေနဲ့ စိတ်ဝင်စားသူဦးရေက အလွန်နည်းပါးနေတယ်လို့ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ရွးကောက်ပွဲရက် ၃၁ ရက်နေ့ မနက် ၁၀ နာရီလောက်မှာတော့ မဲပေးသူဦးရေ က ပေးနိုင်တဲ့ ဦးရေနဲ့ယှဉ်ရင် ၁၀ ရာခိုင်နှုန်းအောက်ပဲရှိတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ကထုတ်ပြန်ထားတာပါ။ စောင့်ကြည့်တဲ့လုပ်ငန်းစဉ်တွေအရ မဲရုံတည်နေရာတွေနဲ့ လက်တွေ့နေရာတွေက အမှန်တကယ်ရှိတဲ့မဲရုံတည်နေရာတွေလွဲမှားနေတယ်လို့ စစ်တမ်းတွေကောက်ယူချက်တွေအရ သိရပါတယ်။

ကျွန်မကတော့ NLD ကိုပဲပေးခဲ့တယ်။ ကျန်တဲ့သူကိုက ကိုယ်သဘောကျတဲ့သူပဲပေးခဲ့တာပဲ။ NLD ပါတာနဲ့ပေးခဲ့တာ။ ကျန်တဲ့နေရာတွေကတော့ နာမည်ကိုကြည့်ပြီးပေးခဲ့တာပဲ။“ လို့မဲပေးခဲ့သူ အသက် ၄၈ နှစ်အရွယ် ဒေါ်မြမြပြုံးက မဲပေးခဲ့တဲ့အတွေ့အကြုံနဲ့ ပါတ်သတ်ပြီးပြောပါတယ်။

ဒါ့အပြင် မဲရုံမှုးတွေအများစုဖြစ်တဲ့ ၉၂ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်ကြပြီးတော့ မဲရုံံတွေရဲ့ ၂ ရာခိုင်နှုန်းမှာ မဲဆန္ဒရှင်စာရင်းကို မတွေ့ရဘူးလို့ စောင့်ကြည့်သူတွေကပြောပါတယ်။

ဒါ့အပြင်မဲလာပေးသူပြည်သူအချို့အမြင်မှာ စည်ပင်ရွေးကောက်ပွဲအတွက်မဲပေးခြင်းကို ရွေးကောက်ပွဲမဲပေးခြင်းနဲ့တူတယ်လို့ ထင်မြင်နေကြတာတွေလည်းရှိပြီးတော့ တချို့က မဲပေးရမယ့်ကိုယ်စားလှယ်လောင်းတွေနဲ့ ဘယ်သူ့ကိုပေးရမလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိတာမျိုး နည်းပါးနေတာကို Duwun ရဲ့ မဲရုံအချို့မှာမေးမြန်းချက်တွေအရ သိရပါတယ်။

မဲပေးတာနဲ့ပါတ်သတ်ပြီးရလာဒ်ထုတ်ပြန်တာကိုတော့ စည်ပင်ရွေးကောက်ပွဲကော်မရှင်ကနေ ဒီနေ့ ဧပြီလ ၁ ရက်နေ့ ည ၁၀ နာရီအထိ ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ စည်ပင်သာယာကော်မတီအဆင့်ဆင့် ရွေးကောက်တင်မြှောက်ဖို့အတွက် ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းက မြို့နယ် ၃၃ မြို့နယ်မှာကျင်းပခဲ့တာဖြစ်ပြီးတော့ မဲဆွယ်စရိတ်ခွင့်ပြုငွေအတွက် မြို့နယ်ကော်မတီဝင်နေရာပြိုင်မယ့်သူတွေအတွက် ကျပ်သိန်းနဲ့ မြို့နယ်ကော်မတီဝင်နေရာပြိုင်မယ့်သူတွေအတွက် ကျပ်သိန်း ၁၀၀ အထိသုံးစွဲခွင့်ပြုထားပြီးတော့ အစိုးရအနေနဲ့ ဘဏ္ဍာငွေကျပ် နှစ်ဘီလျံ သုံးစွဲခွင့်ပြုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က