ကျေးရွာတစ်ရွာရဲ့ လူဦးရေ ၆၀% လောက်က ရောဂါဖြစ်ပွားနေတာပါ။

ကျေးရွာဆေးမှူးက မသင်္ကာတဲ့ လူနာတွေဆိုရင် ဆေးရုံကိုလွှတ်ကာ သွေးစစ်ဆေးမှုတွေ ပြုလုပ်လျှက်ရှိပြီး ဆေးရုံက စိုးရိမ်စရာမရှိဘူးဆိုပြီး ပြန်လွှတ်လိုက်ပေမယ့် ရွာသားတွေက ရောဂါမပျောက်ဘဲ ဆက်လက်ဖြစ်နေဆဲလို့ တွင်းရွာမကျေးရွာအုပ်စု ရာအိမ်မှူး ဦးဝင့်က ပြောပါတယ်။

photo-drmyanmar.com

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် တွင်းရွာမကျေးရွာအုပ်စုမှာ အုပ်စုတွင်းကျေးရွာအားလုံးနီးပါး ဆင်တုပ်ကွေးရောဂါဖြစ်ပွားနေတယ်လို့သိရပါတယ်။ တွင်းရွာမကျေးရွာအုပ်စုမှာဆိုရင် ကျေးရွာ(၅)ရွာရှိပြီးတစ်ရွာမှာ လူဦးရေ (၆၀)ရာခိုင်နှုန်းလောက်က တုပ်ကွေးရောဂါဖြစ်ပွားလျှက်ရှိတယ်လို့ တွင်းရွာမကျေးရွာအုပ်စု ရာအိမ်မှူး ဦးဝင့်က ပြောပါတယ်။

“ရွာသားတွေက အပြင်း(၃)ရက်လောက်ဖျားပြီး ကျေးလက်ဆေးပေးခန်းမှာ ဆေးထိုးလိုက်ရင်အဖျားပြတ်သွားပြီးတော့ လူကနုန်းချိပြီး အဆစ်အမြစ်တွေကိုက်တယ်။ ယားလို့ကုပ်လိုက်ရင် ဖုတွေထလာတယ်။ အခုကျွန်တော်တို့ကျေးရွာအုပ်စုမှာဆိုရင် ရွာတစ်ရွာမှာ (၆၀)ရာခိုင်နှုန်းလောက်က အခုလိုဖြစ်နေကြတယ်။ အခုဆိုရင် ဒီရောဂါကြောင့်လား ဘာလားတော့မသိဘူး။ ကိုယ်ခံအားနည်းတဲ့ နာတာရှည် သက်ကြီးရွယ်အိုတွေအပါအဝင် ဒီရက်ပိုင်းအတွင်းကို (၅) ယောက်သေသွားပြီ။ အသက်(၂၀)ဝန်းကျင်မိန်းကလေးတစ်ဦး၊ အသက်(၄၀) ကျော်အမျိုးသားတစ်ဦးနဲ့ အသက်(၇၅)နှစ်အထက် သက်ကြီး(၃)ဦးသေဆုံးသွားပြီ။ ဒီနေ့နေ့လယ်ပိုင်းမှာတော့ ကျေးလက်ဆေးပေးခန်းမှာ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲလုပ်ဖို့ ကျန်းမာရေးဌာနက ဖိတ်ထားတယ် “ လို့ ဇူလိုင်လ(၂၃)ရက်နေ့က ရာအိမ်မှူး ဦးဝင့်က Duwun ကိုပြောပါတယ်။

တွင်းရွာမှာကျေးရွာအုပ်စုအတွင်းမှာ ရွာ(၅)ရွာ၊ အိမ်ခြေ(၅၄၀)ရှိပြီး၊ လူဦးရေ(၂၀၀၀) ကျော်နေထိုင်လျှက်ရှိပါတယ်။ အရင်နှစ်တွေက အခုလို ကျေးရွာအုပ်စုလိုက်နီးပါး ဖြစ်တာမျိုးမရှိခဲ့ဘဲ ဒီနှစ်က ပထမဆုံးစဖြစ်တာလို့ ဦးဝင့်ကပြောပါတယ်။ စဖြစ်တာက ဇူလိုင်က(၁၃)ရက်လောက်စဖြစ်ပြီး ယနေ့အချိန်ထိ ရောဂါကကူးစက်နေဆဲဖြစ်ပါတယ်။

ကျေးရွာဆေးမှူးက မသင်္ကာတဲ့ လူနာတွေဆိုရင် ဆေးရုံကိုကိုလွှတ်ကာ သွေးစစ်ဆေးမှုတွေပြုလုပ်လျှက်ရှိနေပါတယ်။ ဆေးရုံကနေ အဖြေကစိုးရိမ်စရာမရှိဘူးဆိုပြီး ပြန်လွှတ်လိုက်ပေမယ့် ရွာသားတွေက ရောဂါမပျောက်ဘဲ ဆက်လက်ဖြစ်နေဆဲလို့ သိရပါတယ်။

Share

Loading Next Article...
က္က