သင်္ကြန်ကာလအတွင်း ထိခိုက်ဒဏ်ရာရမှု တစ်နှစ်ထက်တစ်နှစ် ပိုများလာပါတယ်။

မန္တလေးမှာ သင်္ကြန်ကာလ အတွင်း ထိခိုက်ဒဏ်ရာရ လူနာတွေကို မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးနဲ့ လူမှုကူညီရေးအသင်းအဖွဲ့ တွေ စုပေါင်းပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာနကနေ သိရပါတယ်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့က လူအင်အား (၁၀၀) နဲ့ လူနာတင်ယာဉ် (၅) စီး၊ မဏိစလ လူမှုကူညီရေးအသင်းက လူအင်အား (၄၀) နဲ့ လူနာတင်ယာဉ် (၁၅) စီး ပူးပေါင်းကူညီသွားမယ်လို့ သိရပါတယ်။



“သင်္ကြန်ကာလမှာ ထိခိုက်ဒဏ်ရာရမှုတွေကို ကူညီပေးဖို့ လူမှုကူညီရေးအသင်းအဖွဲ့တွေကို အကူအညီတောင်းထားတာပါ။ လောလောဆယ်ကူညီကယ်ဆယ်ရေးလူအင်အားနဲ့ ယာဉ်စီးရေတွေ ရထားပြီးပါပြီ။ တခြား အသင်းတွေကိုလည်း ထပ်ပြီး အကူအညီတောင်းထားပါတယ်” လို့ ဆောင်ရွက်သွားမယ်လို့ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး ဆေးလူမှု ဆက်ဆံရေးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး ဦးမင်းလွင်က Duwun ကိုပြောပါတယ်။

သင်္ကြန်ပွဲတော်ရက်တွေ အတွင်းမှာ ယာဉ်မတော်တဆမှုတွေကြောင့် ထိခိုက်ဒဏ်ရာရမှု၊ အမူးလွန်ပြီး ခိုက်ရန် ဖြစ်ပွားမှု၊ ရေနစ်တဲ့ ဖြစ်စဉ်တွေ တစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလာနေပြီး နှစ်တိုင်းလည်း ဆေးရုံကြီးမှာ ကြိုတင်ပြင်ဆင်မှုတွေ တိုးမြှင့် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်သင်္ကြန်ကာလ အကြိုနေ့နဲ့ အကျနေ့ အတွင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ ထိခိုက်မှုတွေကြောင့် ရောက်ရှိလာတဲ့လူနာ ၆၈၃ ဦးရှိခဲ့ပြီး အတွင်းလူနာ ၁၉၃ ဦး၊ ပြင်ပလူနာ ၄၉၁ ဦးရှိခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က