ဆေးရုံကြီးမှာတော့ ပြင်ဆင်ထားပါတယ်။
သင်္ကြန်ကာလအတွင်း အပူချိန်မြင့်မားတာကြောင့် သတိပြုပြီးလည်ပတ်ကြဖို့အတွက် ရန်ကုန်ဆေးရုံကြီးရဲ့ ဆေးရုံအုပ်ဒေါက်တာခင်သင်္ဂ ီမြင့်က တိုက်တွန်းလိုက်ပါတယ်။

ပုံမှန်အားဖြင့် သင်္ကြန်ကာလအတွင်း ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနကို ရောက်လာလေ့ရှိသူတွေဟာ ယာဉ်မတော်တဆမှုတွေနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေကအများဆုံးဖြစ်ပေမယ့် ကျန်းမာရေးအတွက် သတိပေးပြောကြားတာဖြစ်ပါတယ်။

"လူငယ်တွေအနေနဲ့လည်း သောက်စားမှုတွေဆင်ခြင်ရှောင်ကျဉ်သင့်ပါတယ်။ ကျွန်မတို့ ပြည်သူတွေကလည်း အပူဒဏ်နဲ့ ပတ်သက်ပြီး အသိပညာရှိပြီးသားဖြစ်တဲ့ အတွက် ရောက်လာလေ့တော့မရှိပါဘူး။ ရောက်လာရင်လည်း ဆေးရုံကြီးမှာ အဲ့ဒီအတွက် ပြင်ဆင်ထားတာတွေ အသင့်ရှိပါတယ်။"လို့ ဆေးရုံအုပ်ဒေါက်တာခင်သင်္ဂ ီမြင့်ကပြောပါတယ်။

ဧပြီလအစောပိုင်းမှစပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေနဲ့ အောက်ပိုင်းဒေသတွေရဲ့ နေ့ပူချိန်ဟာ ၄၁ ဒီဂရီစင်တီဂရိတ် ကနေ ၄၅ ဒီဂရီစင်တီဂရိတ်အထိ ရှိနေပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းကလည်း လွန်ကဲအဆင့်အထိ မြင့်တက်နေပါတယ်။

သင်္ကြန်တွင်းမှာ ရန်ကုန်တိုင်းပြည်သူ့ဆေးရုံကြီးကို ရောက်ရှိလာတတ်တဲ့ အရေးပေါ်လူနာတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ဟာ ယာဉ်မတော်တဆမှုတွေကြောင့် ဖြစ်တာကြောင့် ယာဉ်မတော်တဆမှေုတွမဖြစ်အောင် ရှောင်ကျဉ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

Share

Loading Next Article...
က္က