ဒဏ်ရာရရှိသူ ၄၂ ဦးရှိခဲ့ပါတယ်။

သင်္ကြန်ကာလအတွင်း အမြန်လမ်းမှာ ယာဉ်မတော်တဆမှုတွေကြောင့် လူ (၄) ဦး သေဆုံးခဲ့တယ်လို့ အမြန်လမ်းမကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးကနေ သတင်းထုတ်ပြန်ပါတယ်။

Photo-အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး



ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) ကနေ ဧပြီလ ၁၆ ရက် (သင်္ကြန်အတတ်နေ့) လေးရက်အတွင်း အမြန်လမ်းမတစ်လျှောက်မှာ ယာဉ်မတော်တဆထိခိုက်မှု အကြိမ် (၂၀) ဖြစ်ပွားခဲ့ပြီး အမျိုးသား (၃) ဦးနဲ့ အမျိုးသမီး (၁) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ယာဉ်မတော်တဆမှုတွေကြောင့် ဒဏ်ရာရရှိသူပေါင်း (၄၀) ကျော်ရှိခဲ့ပြီး အမျိုးသား ၂၂ ဦးနဲ့ အမျိုးသမီး ၂၀ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ယာဥ်တုိက်မှု ဖြစ်ပွားခဲ့ရာမှာ အိမ်စီးကား အများစုဖြစ်ပြီး ဘုရားဖူးသွားကြတဲ့ လိုက်ထရပ်ယာဉ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

သင်္ကြန်ကာလအတွင်း အမြန်လမ်းပေါ်မှာ သွားလာကြတဲ့ ယာဉ်တွေအနေနဲ့ အကူအညီလိုအပ်ရင် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်တွေကို ၂၄ နာရီပတ်လုံး ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ သင်္ကြန်မတိုင်ခင် ဧပြီလ ၁၁ ရက်မှာ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

Photo-အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

အမြန်လမ်းမကြီးပေါ်မှာ တစ်နေ့ထက်တစ်နေ့ ခရီးသွား ယာဉ်စီးရေ များပြားလာပြီး ကြံ့ခိုင်ရေးအားနည်းတဲ့ ယာဉ်တွေနဲ့ စည်းကမ်းလိုက်နာမှု၊ ကျွမ်းကျင်မှုအားနည်းတဲ့ ယာဉ်မောင်းတွေကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ သကြၤန်မတိုင်ခင်ကတည်းက အမြန်လမ်းမကြီးရဲတပ်ဖွဲ့နဲ့ ပုဂ္ဂလိက ကုမ္ပဏီတို့ပူးပေါင်းပြီး သင်္ကြန်ကာလအတွင်း ခရီးသွားကြမယ့် ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အမြန်လမ်းပေါ်မောင်းနှင်ကြမယ့် ယာဉ်တွေ ကြံခိုင်မှုတွေကို အခမဲ့စစ်ဆေးပေးခဲ့တယ်လို့ သိရပါတယ်။ အမြန်လမ်းမကြီးကို နေ့စဉ် ဖြတ်သန်းသွားလာကြတဲ့ ယာဉ်စီးရေ ၃၀၀၀ ကနေ ၅၀၀၀ ကြားအထိ ရှိနေကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က