Music Zone က (၃)ဦးပါဝင်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စက်တက်ဘာလ(၁၂)ရက်နေ့ညနဲ့ (၁၃)ရက်နေ့ မနက်ထုတ်ပြန်ချက်အရ သင်္ကန်းကျွန်းမှ ပိုးတွေ့လူနာ (၂၈) ဦး ပါဝင်ခဲ့ပါတယ်။

ပိုးတွေလူနာ (၂၈)ဦးမှာ (၇) ဦးက ခရီးသွားရာဇဝင်လည်းမရှိသလို အတည်ပြုလူနာတွေနဲ့လည်းထိတွေ့မှုမရှိထားတာကြောင့် ကူးစက်မှု ရာဇဝင်ကို မသိရှိရဘူး လို့ သိရပါတယ်။ “ ဝန်ကြီးဌာနဲ့ ထုတ်ပြန်ချက်အရ သင်္ကန်းကျွန်းမြို့နယ်က (၂၈)ဦးမှာ ကျွန်တော်တို့ ရသလောက်တော့ အချက်အလက်တွေလိုက်နေပါတယ်။ အခု သိရသလောက်က (၇)ဦးကတော့ ကူးစက်မှုရာဇဝင်ကိုမသိရဘူး။ဘာလို့ဆို သူတို့က ခရီးလည်းမသွားထားဘူး၊ case နံပတ်တွေနဲ့လည်း ထိတွေ့ထားခြင်းမရှိဘူး”လို့ သင်္ကန်းကျွန်းမြို့နယ် ကိုဗစ်ကော်မတီဝင် ဒေါက်တာ ကျော်စွာဦးက Duwun ကို ပြောပါတယ်။



ပိုးတွေ့ လူနာ သစ် (၂၈)ဦးမှာ Music Zone က (၃)ဦးပါဝင်ခဲ့ပြီး တခြားသူတွေကတော့ အတည်ပြုလူနာတွေနဲ့ ထိတွေ့ဆက်စပ်မှုရှိတဲ့သူတွေလို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း သင်္ကန်းမြို့နယ်က ပိုးတွေ့လူနာ အများဆုံးမြို့နယ် ဖြစ်ပြီး Music Zone က လူနာအစုလိုက်တွေ့ရှိထားတာလည်းဖြစ်ပါတယ်။ ဝန်ထမ်း (၁၀၀)ကျော်ရှိတဲ့ Music Zoneမှာ လက်ရှိအချိန်ထိ ပိုးတွေ့လူနာ (၈၀)ကျော်အထိတွေ့ရှိထားတာပါ။

ကျန်ရှိတဲ့ ဝန်ထမ်း နှစ်ဆယ်ကျော် ပထမအကြိမ် ဆေးစစ်ချက်အရ negativeပြပေမယ့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးသွာရမယ်လို့သိရပါတယ်။ တစ်ကျော့ပြန် ကိုဗစ်ကူးစက်မှုအတွင်း သင်္ကန်းကျွန်းမြို့နယ်ဟာ ရန်ကုန်တိုင်းအတွင်း ကူးစက်မှုအများဆုံးမြို့နယ်ဖြစ်နေပြီး ယနေ့ညနေ ၄ နာရီခွဲထုတ်ပြန်ချက်အထိ ကိုဗစ်အတည်ပြုလူနာ ၂၅၃ ဦး ရှိနေတာကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်များမှ Duwun ရဲ့စာရင်းပြုစုထားမှုအရ သိရပါတယ်။

Share

Loading Next Article...
က္က