လာမယ့် ဘဏ္ဍာနှစ်မှာဆောက်လုပ်မှာပါ။

ကျန်းမာရေးဝန်ထမ်းတွေအတွက် လာမယ့် ဘဏ္ဍာနှစ်မှာ ကျပ် ၂၆၃ ဘီလျံ ကျပ်နဲ့ ဝန်ထမ်းအိမ်ရာတွေကို ဆောက်လုပ်သွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပခုက္ကူမှာပြုလုပ်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒေသခံစကားဝိုင်းမှာ ပြောကြားခဲ့ပါတယ်။

38834083_1362300933904119_7404032742196772864_n.jpg

ပြည်သူ့စကားဝိုင်းမှာ ဆွေးနွေးနေတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်



 

စကားဝိုင်းမှာ ဒေသခံပြည်သူတစ်ဦးရဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ မယဉ်ကျေးတဲ့ကိစ္စကို မေးမြန်းရာမှာ ဝန်ကြီးက ထည့်သွင်းဖြေကြားခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးက ကျန်မားရေးဝန်ထမ်းတွေ လက်ရှိ ကြုံတွေ့နေရာတကာ ဝန်ထမ်းအိမ်ရာ ပြသနာဖြစ်နေပြီး အောက်တိုဘာလအတွင်း ဘတ်ဂျက်ရတာနဲ့ အိမ်ရာတွေကို ဆောက်လုပ်ပေးတော့မယ်လို့ ဆိုပါတယ်။

“ ဝန်ထမ်းတွေက ဘာပြသနာတတ်နေလဲဆိုတော့ ဝန်ထမ်းအိမ်ရာပါ။  ၂၀၁၈-၁၉ ဘတ်ဂျတ် မှာ၂၆၃ဘီလျံကျပ်ကို ဝန်ထမ်းအိမ်ရာတွေဆောက်မယ်။အကုန်လုံးလည်းသတ်မှတ်ပြီးပါပြီ။ တိုင်းနဲ့ ပြည်နယ်အလိုက်  ဘယ်ဆေးရုံ၊ဘယ်မှာ အကုန်အသေးစိတ်ရှိပါတယ်။အောက်တိုဘာ ဘတ်ဂျက်ရတာနဲ့ စဆောက်မယ်။ တိုင်းနဲ့ ပြည်နယ် အစိုးရတွေကိုတာဝန်ခံခိုင်းမယ်။ ဝန်ထမ်းအိမ်ရာတွေကို နောက်နှစ်လည်းတိုးပေးမယ်။ ဆေးရုံအသစ်ကတော့ အခြေအနေအရ အရမ်းလိုအပ်မှပဲ တိုးပေးမယ်။ အသစ်ဆောက်မယ်။ ရှိတဲ့ ဆေးရုံမှာလည်း  ဆရာဝန်တွေ ၊ ဆရာမတွေ ဖြစ်အောင်လည်း ကျွန်တော်လုပ်ပေးပါ့မယ်” လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျန်းမာရေးဝန်ထမ်းတွေ မယဉ်ကျေးတဲ့ ကိစ္စမှာ ကျန်းမာရေးဝန်ထမ်းတွေ မလုံလောက်တာနဲ့သက်ဆိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

“ကျန်းမာရေးဝန်ထမ်းတွေ မယဉ်ကျေးတဲ့ကိစ္စကလည်း ဆရာဝန်၊ဆရာမတွေ၊ သူနာပြုတွေ မလုံလောက်တာနဲ့လည်း ဆိုင်ပါတယ်။အလုပ်က သိပ်များနေတော့ နည်းနည်းကြမ်းသွားတာပေါ့’’ လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က