လက်ရှိမှာတော့ ဝန်ထမ်းအိမ်ယာအခန်းပေါင်း (၆၇၃၆)ခန်းကိုဆောက်လုပ်ပေးပြီးဖြစ်ပါတယ်။
Ei Ei Htun

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ နှစ်အလိုက် ရတဲ့ ဘဏ္ဍာငွေအပေါ် မူတည်ပြီး ကျန်းမာရေးနဲ့ပက်သက်တဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိနေပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ဘဏ္ဍာငွေခွင့်ပြုရရှိတဲ့ပေါ်မူတည်ပြီး ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနများ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါတယ်။ အခုလိုဆောင်ရွက်တဲ့နေရာမှာ ဝန်ထမ်းများတာဝန်ကျရာ နေရာဒေသတွေမှာ သက်တောင့်သက်သာနေထိုင်နိုင်ရန်အတွက် ဝန်ထမ်းအိမ်ယာများကိုလည်း အရှိန်အဟုန်ဖြင့် ဆောက်လုပ်လျှက်ရှိပြီး လက်ရှိမှာ ဆောက်လက်စအခန်းပေါင်း (၁၀,၃၇၇) ခန်းအနက် အများစုမှာ ဒီနှစ် နှစ်ကုန်ပိုင်းမှာ ပြီးစီးမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဇွန်လ(၃)ရက်နေ့က ကျန်းမာရေးဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။

photo- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

အဆိုပါတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကုသရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ ကို Duwun က ဆက်သွယ်မေးမြန်းတဲ့အခါမှာ

“ အဓိက ကတော့ သက်ဆိုင်ရာဆေးရုံကြီးတွေအလိုက်လိုအပ်ချက်တွေကို ဆွေးနွေးခဲ့ကြတာပေါ့နော်။ အဲ့ဒီမှာ ဘာတွေလဲဆိုတော့ ပစ္စည်းလိုအပ်ချက်၊ လူအင်အားလိုအပ်ချက်၊ စီမံခန့်ခွဲမှုဆိုင်ရာလိုအပ်ချက်တွေ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဆွေးနွေးခဲ့ကြတယ်။ ဒီလိုအပ်ချက်တွေကို စာရင်းပြုစုပြီးတော့ တင်ပြကြဖို့၊ ဒီနှစ်ဘတ်ဂျက်ထဲမှာလုပ်ပေးလို့ရတဲ့ဟာတွေကို ဒီနှစ်ထဲလုပ်ပေးမယ်၊ မရရင်နောက်နှစ်ဘတ်ဂျက်ထဲ လုပ်ပေးမယ် “လို့ ပြည်ထောင်စုဝန်ကြီးကပြောကြောင်းကို ဒေါက်တာသီတာလှက ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ တိုင်းဒေသကြီး ပြည်နယ်အလိုက် (၁၆)ကုတင်ဆံ့ဆေးရုံမှ (၂၀၀၀)ကုတင်ဆံ့ဆေးရုံအထိ ဆေးရုံပေါင်း (၁,၁၄၄) ရုံရှိပြီး (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ်မှာ ဆေးဝါးဝယ်ယူရန်အတွက် ကျပ်(၁၂၀) ဘီလီယံ၊ ဆေးပစ္စည်းကိရိယာဝယ်ယူရန်အတွက် (၆၄)ဘီလီယံကျပ် လျာထားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က