ဆေးရုံဆေးခန်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ဘီတာဒိုင်းဆေးတွေ လိုက်လံလှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
Phyo Min Thant

လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာမက စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုတွေကိုပါ နှောက်ယှက်ဖျက်ဆီးလာပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးကို အမြစ်ပြတ်အောင် တိုက်ထုတ်နိုင်ဖို့ တစ်ကမ္ဘာလုံးက ဝိုင်းဝန်းကြိုးစားနေကြပြီး ကျန်းမာရေးဝန်ထမ်းတွေကလည်း ရှေ့တန်းကနေ အသက်ကိုပဓာနမထားပဲ ကာကွယ်တိုက်ထုတ်ပေးနေကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း ရောဂါကူးစက်မှုကိုထိန်းချုပ်နိုင်အောင် အဖက်ဖက်က ဆုံးဖြတ်ချက်တွေချမှတ် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။


ဒီလို ကပ်ဆိုးကြီးထဲမှာ လူနာတွေကို ကာကွယ်ကုသရင်း ရှေ့တန်းကရင်ဆိုင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း တစ်နိုင်ငံလုံးက လေးစားချီးကျူးနေကြပြီး တတ်နိုင်တဲ့ အကူအညီတွေပေးနေကြသလို အလှူရှင်တွေကလည်း လိုအပ်တာတွေကို တတ်နိုင်သမျှလစ်ဟာခြင်းမရှိရအောင် လှူဒါန်းနေကြတာလည်းတွေ့နိုင်ပါတယ်။ အဲဒီလို လှူဒါန်းနေကြတဲ့ အလှူရှင်တွေထဲမှာ ပြည်သူတွေအားထားရတဲ့ ဘီတာဒိုင်း လည်းပါဝင်ပါတယ်။ ဘီတာဒိုင်းကလည်း ပြည်သူတွေရှေ့က မားမားမတ်မတ်ရပ်ပြီး ရောဂါဆိုးကြီးကို တိုက်ထုတ်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တစ်ဖက်တစ်လမ်းက အကူအညီပေးတဲ့အနေနဲ့ ဆေးရုံဆေးခန်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ဘီတာဒိုင်းဆေးတွေ လိုက်လံလှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေအတွက် ဘီတာဒိုင်းက ခံတွင်းနဲ့ အသက်ရှုလမ်းကြောင်းကတစ်ဆင့် ပိုးမဝင်စေဖို့ ကာကွယ်ပေးနိုင်တဲ့ ဆေးတွေဖြစ်တဲ့ ပလုပ်ကျင်းဆေးရည်နဲ့ နှာခေါင်းဖျန်းဆေး (လူကြီး/ကလေး) တွေကို လိုက်လံလှူဒါန်းခဲ့တာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေအတွက် ဘီတာဒိုင်း ပလုပ်ကျင်းဆေးရည်နှင့် နှာခေါင်းဖျန်းဆေး (လူကြီး) ကို လှူဒါန်းတဲ့အပြင် ကျန်းမာရေးဝန်ထမ်းတွေရဲ့ကလေးငယ်တွေအတွက်ပါ ကာကွယ်နိုင်ဖို့ ဘီတာဒိုင်း နှာခေါင်းဖျန်းဆေး (ကလေး)ကိုပါ တစ်ပါတည်း လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

ဘီတာဒိုင်းက ပြီးခဲ့တဲ့ ဧပြီလ (၄)ရက်နေ့မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊မန္တလေး ပြည်သူ့ဆေးရုံကြီးနဲ့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးများတွေမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သွားရောက်လှူဒါန်းခဲ့ပြီး ဧပြီလ (၈) ရက်နေ့မှာတော့ ဝေဘာဂီဆေးရုံ၊ သင်္ဃန်းကျွန်း စံပြဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊အင်းစိန် ပြည်သူ့ဆေးရုံကြီးနဲ့ မန္တလေး ခုတင် (၃၀၀) ဆေးရုံကြီးတွေကို သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်လအတွင်း ဘီတာဒိုင်းက ဆေးရုံအသီးသီး ကိုသွားရောက်ပြီး ဘီတာဒိုင်းဆေးတွေ စုစုပေါင်း သိန်း (၂၇၀) ဖိုး လှူဒါန်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အခုလက်ရှိမှာတော့ အထက်ဖော်ပြပါဆေးရုံတွေကို လှူဒါန်းပြီးစီးပြီး ဆက်လက်ပြီးတော့လည်း အခြားလိုအပ်နေတဲ့ နယ်ဆေးရုံတွေအထိ လိုက်လံလှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်တဲ့ Covid-19 ရောဂါပိုးကို ကာကွယ်နိုင်ဖို့ လက်ဆေးခြင်းနှင့် mask တပ်ခြင်းဟာ အဓိကအရေးကြီးတဲ့ ကာကွယ်မှုတွေထဲမှာပါဝင်သလို အသက်ရှုလမ်းကြောင်းနဲ့ ခံတွင်းကနေတစ်ဆင့် ရောဂါပိုးတွေမဝင်ရောက်နိုင်အောင် ကာကွယ်ဖို့ကလည်း အရေးကြီးပါတယ်။ 

(ဒီသတင်းကို ဘီတာဒိုင်းမှပံ့ပိုးကူညီထားပါတယ်)



က္က