သူ့ရဲ့ လူမှုကွန်ရက်နေ ပြောခဲ့တာပါ။

COVID 19ရောဂါဖြစ်ပွါးစဉ်ကာလအတွင်း ရှေ့တန်းကနေ ပြည်သူတွေအတွက်တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပေါ် ပြည်သူတချို့က တန်ဖိုးမထားတာကို ဝမ်းနည်မိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၂၁ရက်ညနေပိုင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

ဧပြီလ ၂၀ ရက်နေ့မှာ ဧရာဝတီတိုင်းက COVID -19 ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေကြတဲ့သူတွေနဲ့ ဆွေးနွေးရာမှာ သူနာပြုဆရာမတစ်ဦးရဲ့ တင်ပြချက်နဲ့ ပတ်သက်ပြီး အတိုင်ပင်ခံက အခုလိုပြောကြားခဲ့တာပါ။ “ သူနာပြုဆရာမလေးပြောခဲ့တာတွေထဲမှာ အထူးသတိရနေတာတစ်ခုရှိပါတယ်။ အချို့ပြည်သူတွေက ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးမတင်ကြဘူး၊ လခရလို့လုပ်တာ ဘာလို့ကျေးဇူးတင်ရမှာလဲတဲ့ ။ရပိုင်ခွင့်ကို ရှေ့တန်းတင်တဲ့ခေတ်ကြီးက ဒီလိုမြင်တာမထူးဆန်းပါဘူး။ဒါပေမယ့် တာဝန်ရဲ့ တန်ဖိုး၊ ကျေးဇူးရဲ့ မင်္ဂလာကို အလေးမထားတာက ဝမ်းနည်းစရာပါ”လို့ အတိုင်ပင်ခံကပုဂ္ဂိုလ်က ရေးသားထားပါတယ်။



နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ တိုင်းဒေသကြီးပြည်နယ်အသီးသီးက COVID- 19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်နေသူတွေနဲ့ ဆွေးနွေးပွဲတွေပြုလုပ်လျှက်ရှိပြီး အခုလိုပြုလုပ်ခြင်းကြောင့် COVID -19 ကိုကျော်လွှားဖို့ ကြိုးပမ်းနေကြသူတွေရဲ့ အရေးကြီးတဲ့ လိုအပ်ချက်တွေကို သိရှိနိုင်တယ်လို့ဆိုပါတယ်။ အခုလိုဆွေးနွေးပွဲတွေပြီးတဲ့အခါမှာလည်း တိုင်းဒေသကြီးပြည်နယ်အလိုက် ဘယ်နေရာမှာ ဘာတွေဖြည့်ဆည်းပေးဖို့ လိုလဲဆိုတာကိုသုံးသပ်ပြီး လုပ်နိုင်တာတွေချက်ချင်းလုပ်နေတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကရေးသားဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က