အကြိုနေ့ ကနေ အတတ်နေ့ အထိ ဆောင်ရွက်မှာပါ။

နှစ်သစ်ကူးသင်္ကြန်ပွဲတော် ကျင်းပမယ့် ကာလအတွင်း ရန်ကုန်မြို့တွင်း က နေရာအချို့မှာ တစ်လမ်းမောင်းစနစ်နဲ့ လမ်းလျှောက်သင်္ကြန်ကျင်းပမယ့်နေရာတွေမှာ လမ်းပိတ်လမ်းလွှဲများ ပြုလုပ်သွားမယ်လို့ ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ဧပြီလ ၉ ရက်က သတင်းထုတ်ပြန်ပါတယ်။

(ပြီးခဲ့သည့်နှစ်က မဟာဗန္ဒုလပန်းခြံ လမ်းလျှောက်သင်္ကြန် ပြုလုပ်ခဲ့စဉ်)



လမ်းလျှောက်သင်္ကြန်ကျင်းပမယ့် အင်းလျားလမ်းကို တက္ကသိုလ်ရိပ်သာလမ်းကနေ ပြည်လမ်းအထိ လမ်းပိတ်/လမ်းလွှဲ လုပ်မှာ ဖြစ်ပြီး မဟာဗန္ဒုလလမ်းကို ပန်းဆိုးတန်းလမ်းဘက်ကနေ ဆူးလေဘုရားလမ်းဘက်ကို အဝင် တစ်လမ်းမောင်းအဖြစ် သတ်မှတ်ထားမှာပါ။

ကုန်သည်လမ်းကို ပန်းဆိုးတန်းလမ်းကနေ ဆူးလေဘုရားလမ်းအထိ လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်မှာ ဖြစ်ပြီး လမ်းလျှောက်သင်္ကြန် ကျင်းပမယ့် မဟာဗန္ဒုလပန်းခြံလမ်းကို မဟာဗန္ဒုလလမ်းကနေ ဘဏ်ရိပ်သာလမ်းအထိကိုလည်း လမ်းပိတ်/လမ်းလွှဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

(ပြီးခဲ့သည့်နှစ်က မဟာဗန္ဒုလပန်းခြံ လမ်းလျှောက်သင်္ကြန် ပြုလုပ်ခဲ့စဉ်)

မြကျွန်းသာ (လမ်းလျှောက်သင်္ကြန်)၊ ကန်တော်ကြီး ပန်းခြံ (လမ်းလျှောက်သင်္ကြန်) ၊ ဦးဥတ္တမပန်းခြံ ( လမ်းလျှောက်သင်္ကြန်) တို့ကို လမ်းပိတ်/လမ်းလွှဲတွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်ကနေ သင်္ကြန် အတတ်နေ့ ဧပြီလ ၁၆ ရက် အထိ မနက် ၆ နာရီမှ ည ၈ နာရီအထိ ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။ ဒါကြောင့် မော်တော်ယာဉ်မောင်းနှင်သူတွေအနေနဲ့ အခြားသင့်တော်တဲ့လမ်းတွေက မောင်းနှင်သွားလာကြဖို့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက သတိပေးနှိုးဆော်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က