နေ့ဘက်လည်လို့ ပင်ပန်းရင်တော့ ညဘက် အနားယူပေါ့နော်။
ဒီနှစ်သင်္ကြန်တွင်းမှာ နေ့လည်နေ့ခင်း လည်ရတာကြိုက်နှစ်သက်ကြပေမယ့် ညချမ်းကြမှ မိသားစုစုံစုံလင်လင်နဲ့ အနားယူချင်သူတွေ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အပြင်ထွက် စားသောက်လိုသူတွေလည်းရှိကြမှာပါ။ ဒါကြောင့် Duwun ကနေ သင်္ကြန်တွင်ညပိုင်း သွားလို့ကောင်းမယ့်နေရာလေးတွေ ရွေးချယ်ပေးလိုက်ပါတယ်။

ငြိမ်းငြိမ်းချမ်းချမ်း

ညပိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနေလိုသူတွေကတော့ ဘုရားကိုသွားပြီး ကုသိုလ်ယူကြလို့လည်းရပါတယ်။ နှစ်သစ်ကူးပြောင်းတဲ့ အခါသမယကို မိသားစုတွေနဲ့ ပျော်ပျော်ရွင်ရွင် ဘုရားမှာကုသိုလ်ယူရင်းဖြတ်သန်းနိုင်ကြပါတယ်။ ရွှေတိဂုံဘုရား၊ ဗိုလ်တစ်ထောင်ဘုရားတွေကတော့ အထူးစည်ကားမှာဖြစ်ပြီး လှိုင်မြို့နယ်နဲ့ သမိုင်းတဝိုက်ဆိုရင် ကျိုက်ဝိုင်းဘုရား၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာဆိုရင် ကမ္ဘာအေးဘုရား နဲ့ မြောက်ဥက္ကလာဖက်ဆိုရင် မယ်လမုဘုရားလိုမျိုးကို သွားရောက်ကုသိုလ်ယူနိုင်ကြပါတယ်။

ပျော်ပွဲရွင်ပွဲတွေ

ဒီလို သင်္ကြန်ရာသီမှာ ရပ်ကွက်အလိုက် မြို့နယ်အလိုက်ပျော်ပွဲရွင်ပွဲနဲ့ပြိုင်ပွဲတွေကို ညပိုင်းမှာကျင်းပလေ့ရှိကြပါတယ်။ ရေကစားမဏ္ဍပ်တွေကတော့ ညနေ ၆ နာရီမှာပိတ်သိမ်းသွားပေမယ့် အထင်ကရ ဖြစ်တဲ့ မြို့တော်ဝန် မဏ္ဍပ်လိုနေရာနှစ်စဉ်နှစ်တိုင်းတော့ အကပြိုင်ပွဲ အဆိုပြိုင်ပွဲတွေ သင်္ကြန်ယိမ်းပြိုင်ပွဲတွေ ကျင်းပလေ့ရှိတာကြောင့် သွားရောက်ကြည့်ရှုနိုင်ပါတယ်။

သံချပ်

သံချပ်အဖွဲ့တွေကလည်း ညပိုင်းဆိုရင် ကားနဲ့ လိုက်လံဖျော်ဖြေတာတွေမြို့နယ်အလိုက်ရှိကြပါတယ်။ ဒီထဲကမှ နေရာတစ်ခုမှာ သံချပ်သေသေချာချာ နားထောင်ချင်တယ်ဆိုရင်တော့ ၄၆ နဲ့ ဗိုလ်ချုပ်လမ်းထောင့်ဗမာသစ်သံချပ်ပြိုင်ပွဲက သံချပ်ချစ်သူတွေ အတွက် စိတ်ကြိုက်တွေ့စေမယ့် နေရာတစ်ခုဖြစ်မှာပါ။

စားကြသောက်ကြမယ်

သင်္ကြန်တွင်းမှာ ပုံမှန်အားဖြင့် ညနေ ၆နာရီကျော်ပြီဆိုရင် ရပ်ကွက်ထဲက ဆိုင်လေးတွေလည်းသိမ်းကြတာများပါတယ်။ ဒါပေမယ့် စားသောက်ဆိုင်တွေနဲ့ ရွှေကောင်းတို့လို့၊ Hot pot city တို့လို ဟော့ပေါ့ဆိုင်တွေ ဖွင့်ကြပါတယ်။ ဒါ့အပြင် ပုံမှန်ဖွင့်နေကြ မိုးလင်းမိုးချုပ်တို့လိုဆိုတွေ၊ စမ်းချောင်းထဲက ဝင်တို့လိုဆိုင်ကြီးတွေကတော့ သင်္ကြန်တွင်းမှာလည်း ညဖက်ဖွင့်မယ်လို့ သိရပါတယ်။ ဒီထဲကမှ မိသားစုမိတ်တွေ အပေါင်းအသင်းတွေနဲ့ သွားရောက်စားသောက်လို့ ကောင်းမယ့်နေရာတွေကတော့ ၁၉ လမ်းတရုတ်တန်းနဲ့ ပြည်ထောင့်စုရိပ်သာလမ်းက ဖီးလ် ညဈေးတန်းပဲဖြစ်ပါတယ်။ ကျန်တဲ့နေရာတွေလည်းရှိပေမယ့် အစားအသောက်မျိုးစုံကို တစ်နေရာထဲရောင်းပေးတဲ့နေရာတွေကပိုပြီးသင့်လျော်မယ်လို့ထင်ပါတယ်။

ဘော်ဒါတွေနဲ့ စုံမယ်

မမေ့ဖို့တစ်ခုက သင်္ကြန်တွင်းမှာ ညပိုင်း ချန်ပီယံလိဂ်ပွဲတွေက ကောင်းတယ်နော် ညပိုင်းမှာ ဘောလုံးပွဲကြည့်ချင်တယ်ဆိုရင်လည်း Sports Bar လိုနေရာမှာ ကြည့်လို့ရမှာဖြစ်သလို ဘော်ဒါတွေစုပြီး ကဲကြမယ်ဆိုရင်လည်း Pioneer က သင်္ကြန်တွင်းဖွင့်ပါတယ်တဲ့ဗျာ။ ဒါကြောင့် ချန်ပီယံလိဂ်တွေကြည့်ရင်း ဘော်ဒါတွေဆုံကြမယ့် သူငယ်ချင်းတွေအတွက် သတင်းကောင်းတွေပါးလိုက်ပါတယ်။

Share

Loading Next Article...
က္က