၁၄ စီးနဲ့ပြေးဆွဲမှာပါ။
သကြန်ပိတ်ရက် ရန်ကုန်ကနေ ဧရာဝတီတိုင်းမှ မြို့တွေကိုပြန်ဖို့ အခက်အခဲရှိသူတွေအတွက် YRTA ကနေ ကားများ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်တာကြောင့် နယ်ဒေသတွေကိုပြန်ဖို့ အခက်အခဲရှိသူတွေအတွက် ဧရာဝတီတိုင်းမှ မြို့တွေအတွက် YRTA နဲ့ အစိုးရတွေပူးပေါင်းပြီး အခုလို စီစဉ်ပေးတာ ဖြစ်ပါတယ်။


"ဒဂုံဧရာအဝေးပြေးကို YRTA က ကားတွေ တရက်ကို ၁၄ စီးလောက်ထုတ်ပြီးအဲ့ဖက်သွားဖို့ရှိပါတယ်။ CNG ကားဖြစ်တဲ့ အတွက်မိုင် ၁၀၀ ကျော်ပြီးတော့ ဆွဲလို့တော့မရဘူး။ တကယ်လို့ ကားလက်မှတ်ဝယ်လို့ မရဘူးဆိုရင် YRTA ရုံးကိုသွားပြောလို့ရပါတယ်"လို့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က Duwun ကိုပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ ဒဂုံဧရာအဝေးပြေးနဲ့ အောင်မင်္ဂလာအဝေးပြေး နှစ်ခုလုံးမှာ လက်မှတ်တွေ ရောင်းကုန်သွားပြီဖြစ်ပါတယ်။ အောင်မင်္ဂလာအဝေးပြေးကနေ ယာဉ်လိုင်း ၁၄ လိုင်းပြေးဆွဲမှာဖြစ်ပြီး ဒဂုံဧရာအဝေးပြေးဖက်ကိုတော့ ယာဉ်လိုင်း ၅ လိုင်းနဲ့ ပြေးဆွဲပြေမယ်လို့ သိရပါတယ်။ အဲ့ဒီကားလိုင်းတွေထဲမှ အချို့ က သင်္ကြန်အတက်နေ့အထိသာ ပြေးဆွဲပေးတာတွေရှိပေမယ့် အချို့လိုင်းတွေကတော့ သင်္ကြန်အတက်နေ့အထိပြေးဆွဲပေးသွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က