ဧရာဝတီတိုင်းလို ရန်ကုန်နဲ့ နီးတဲ့တိုင်းဒေသကြီးတွေမှာ YBS ယာဉ်တွေပြေးဆွဲသွားမှာ ဖြစ်ပါတယ်။

သင်္ကြန်ရုံးပိတ်ရက်မှာ YBS ယာဉ်တွေကို ရန်ကုန်နဲ့ နီးစပ်တဲ့ တိုင်းဒေသကြီးတွေမှာ ပြေးဆွဲပေးမှာဖြစ်တယ်လို့ YRTA ကနေ သိရပါတယ်။

(ရန်ကုန်မြို့တွင်းလက်ရှိပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအချို့)

သင်္ကြန်ရုံးပိတ်ရက်တွေမှာ ခရီးသွားတွေအဆင်ပြေဖို့ ဧရာဝတီတိုင်းကဲ့သို့ ရန်ကုန်နဲ့နီးတဲ့ တိုင်းဒေသကြီးတွေမှာ YBS ယာဉ်တွေပြေးဆွဲသွားမှာဖြစ်ပါတယ်။



“မှန်ပါတယ်။ ဒီလိုပြေးဆွဲမှာကလေ ကြီးကြပ်ရေးရုံးတွေဖွဲ့မယ်။ မြေပြင်မှာ ဈေးတက်ရောင်းတယ်ဆိုတာတွေရှိတာ့ လှိုင်သာယာနဲ့ အောင်မင်္ဂလာမှာ ကြီးကြပ်မယ်။ YBS အတွက်လည်း အရင်ကဖြည့်ပေးတာတွေရှိတယ်။ ဟိုဘက်ကိုလည်း ဖြည့်ပေးသွားမှာဖြစ်ပါတယ်။ ” လို့ YRTA မှ ဒေါက်တာမောင်အောင်က Duwun ကို ပြောပါတယ်။

ရုံးပိတ်ရက်မှာ နယ်မြို့တွေကို သွားချင်တဲ့ ခရီးသွားတွေကို သတ်မှတ်ခရီးစဉ်တွေအတိုင်း လွယ်ကူချောမောစွာသွားနိုင်ဖို့နဲ့ အဲ့ဒီကာလတွေမှာ အဝေးပြေးယာဉ်ရပ်နားကွင်းဝန်းကျင်မှာ ယာဉ်ကြောကြပ်တည်းမှုဖြစ်စဉ်တို့နဲ့ ပတ်သတ်ပြီးဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဝေးပြေးယာဉ်လိုင်းတွေက ကြိုတင်ရောင်းချတဲ့ ခရီးသွားအင်အား အခြေအနေသုံးသပ်နိုင်ဖို့၊ မီးရထားလမ်းကြောင်းတွေ တိုးချဲ့ပြေးဆွဲဖို့နဲ့ ဧရာဝတီတိုင်းလိုမျိုး နီးစပ်တဲ့ တိုင်းဒေသကြီးခရီးသွား အင်အားအခြေအနေ သုံးသပ်ဖို့ စီမံတာတွေ အပါအဝင် နီးစပ်တဲ့ တိုင်းဒေသကြီးခရီးသွားတွေကို YBS က ပူးပေါင်းပါဝင်အားဖြည့်မယ်လို့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က တိုင်းဒေသကြီးလွှတ်တော်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရုံးပိတ်ရက်ရှည်တွေအတွင်းမှာ ခရီးသွားမယ့်သူတွေအတွက် ကြီးကြပ်ကွပ်ကဲပြီး အုပ်ချုပ်နိုင်ဖို့အတွက် ကြီးကြပ်ရေးအဖွဲ့တွေနဲ့ ရုံးခန်းဖွင့်လှစ် ပြီးကွပ်ကဲပေးမယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က