ဇန်နဝါရီ ၁၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

ကျပ်သိန်းပေါင်း တစ်သိန်းခွဲ (၁၅၀၀၀၀) တန်ဖိုးရှိတဲ့ ICE (မက်သအက်ဖက်တမင်း)တွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နေ ဇန်နဝါရီ ၁၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဓါတ်ပုံ- မူူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ

ဇန်နဝါရီ ၁၅ ရက်နေ့ မှာ တကော်တံတားရဲကင်းကတပ်ဖွဲ့ဝင်တွေနဲ့ ရှာဖွေမှုတွေအရ တာချီလိတ်မြို့ မဟာဟိုခမ်းရပ်ကွက်နေ မြင့်အောင် အသက် ၄၀ နှစ်မောင်းနှင်လာတဲ့ မော်တော်ယာဉ်ကိုရှာဖွေရာကနေ မော်တော်ယာဉ်မှာ သယ်ဆောင်လာတဲ့ ပီနံအိတ်တွေထဲက ICE( မက်သာအက်ဖက်တမင်း) ၆၀၀ ကီလို (ကာလပေါက်ဈေး ကျပ်သိန်းပေါင်း ၁၅၀၀၀၀) ခန့်တန်ဖိုးနဲ့ လက်ကိုင်ဖုန်းကို တွေ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုတေ့ွရှိခဲ့တာကြောင့် ကာလိနယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ 



က္က