မွေးရပ်မြေကိုပြန်ပြီး ဘုန်းကြီးကျောင်းမှာ ကားလှူသွားမှာပါ။
Ei Ei Htun

ကျပ်သိန်းတစ်သောင်းခွဲဆုရှင် ဇနီးမောင်နှံဟာ သူတို့ရဲ့မွေးရပ်မြေကိုပြန်ပြီး ဘုန်းကြီးကျောင်းမှာ ကားလှူဖို့ ရှိသလို အလှူအတန်းတွေကိုလည်းလက်လှမ်းမှီသလောက် လှူဒါန်းသွားမယ်လို့ပြောပါတယ်။

ဇွန်လ (၁)ရက်နေ့ကထွက်ရှိတဲ့ စတုတ္တအကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲဆုကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာမြို့သစ်မှာ နေထိုင်တဲ့ ပွင့်သစ်ကွမ်းယာဆိုင်က မိသားစုက ကံထူးနံပတ် ကခ-၅၅၅၂၈၁နံပတ်နဲ့ ဆွတ်ခူးခဲ့တာပါ။

ကွမ်းယာဆိုင်ပိုင်ရှင် ကိုဝင်းကျော်က သူ(၁၆)နှစ်သားလောက်ကတည်းကစပြီး ထီကို လစဉ်ထိုးလာခဲ့ကြောင်း ပြောပြပါတယ်။

“ ကျွန်တော်က (၁၄)နှစ်သားလောက်ကတည်းက ဦးလေးဆီမှာ အလုပ်စလုပ်ခဲ့ရတာ။ ထီကိုတော့ အသက်(၁၆)နှစ်ကတည်းကစပြီး ထိုးလားခဲ့တာ ခုထိတစ်လမှမပျက်ခဲ့ဘူး။ အရင် ကျပ်သိန်းတစ်သောင်းဆုချီးမြှင့်ခဲ့စဉ်ကတည်းက ငါးသောင်းဆုကို (၅)ကြိမ်ဆက်တိုက်ပေါက်ဖူးခဲ့ပြီး အခုကတော့ ထီဆုကြီးကို ပထမဆုံးကံထူးတာပါ” လို့ ကံထူးရှင် ကိုဝင်းကျော်က ထီဖွင့်ရက်ဖြစ်တဲ့ ဒီနေ့ ဇွန်လ ၁ ရက်နေ့မှာ Duwun ပြောပါတယ်။






ကိုဝင်းကျော်ရဲ့ ဇနီးကလည်း သူတို့မိသားစုအနေနဲ့ တတ်နိုင်သမျှ လက်လှမ်းမှီသလောက် အလှူအတန်းတွေပြုလုပ်သွားမယ်လို့ပြောပါတယ်။

“ အလှူအတန်းတွေကိုတော့ တက်နိုင်သလောက် လှူဒါန်းသွားမယ်။ကျွန်မရဲ့ မွေးရပ်မြေကမုံရွာက မွေးရပ်မြေပြန်ပြီးတော့လည်း ကျောင်းဦးဘုန်းကြီးကျောင်းမှာ ကားလှူမယ်” လို့ မသီတာအေးက Duwun ကို ပြောခဲ့ပါတယ်။






သူတို့မှာ သားငယ်လေးနှစ်ယောက်ရှိပြီး ကွမ်းယာရောင်းကာ စီးပွားရှာနေတဲ့သူတွေဖြစ်ပါတယ်။ အခုလို ထီဆုကြီးကို ဆွတ်ခူးခဲ့လို့သူတို့မိသားစုဝင်တွေအနေနဲ့ အတိုင်းမသိဝမ်းသာပျော်ရွှင်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က