ကျပ်သိန်း ၁၀၀၀ လှူဒါန်းလိုက်တာပါ။

အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲထီပေါက်ခဲ့တဲ့ တောင်နီလေးပရဟိတကျောင်းဆရာတော်က နေပြည်တော်မှာတည်ထားကိုးကွယ်မယ့် ထာဝရငြိမ်းချမ်းရေးစေတီအတွက် ငွေကျပ် သိန်း ၁၀၀၀ လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

Photo - Myanmar President Office

ဇွန်လ ၂၄ ရက်နေ့မှာ "အေးမေတ္တာစံ" တောင်နီလေး ပရဟိတကျောင်းတိုက်မှာ ကျင်းပတဲ့ ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တစန္ဒိမာရဲ့ဝိဇာတမွေးနေ့မင်္ဂလာမှာ လှူဒါန်းလိုက်တာဖြစ်ပါတယ်။

ဆရာတော်ပေးအပ်တဲ့ အလှူငွေကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်က လက်ခံရယူပြီး စေတီတော် တည်ဆောက်ရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကြည်မင်းဆီကို လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

Photo - Myanmar President Office

ဆရာတော်ဟာ မတ်လ ၁ ရက်နေ့မှာ ပထမအကြိမ်ဖွင့်လှစ်တဲ့ သိန်းတစ်သောင်းခွဲဆုကို မေိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေရဲ့ လမင်းကြယ်စင် ထီဆိုင်ကနေ အ-၇၉၂၉၄၁ နံပါတ်နဲ့ အောင်ဘာလေသိန်းတစ်သောင်းခွဲထီဆုကြီးကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

အးမေတ္တာစံ ပရဟိတဘုန်းကြီးကျောင်းဟာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ မိသားစု အမြဲတမ်းသွားရောက်လှူဒါန်းနေကြတဲ့ ဘုန်းကြီးကျောင်းဖြစ်တယ်လို့လည်း သိရပါတယ်။

Photo - Myanmar President Office



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က