ရောင်းမကုန်တာတွေထဲက ဆုပေါက်ရင် ပြန်ရွေးမှာပါ။

အောင်ဘာလေသိန်းဆုဌာနခွဲကရောင်းချနေတဲ့ ထီးစာအုပ်တွေထဲက စာအုပ်ပေါင်း ၂ သိန်း ၆ သောင်းကျော်ဟာ ရောင်းချလို့ မကုန်ခဲ့ဘူးလို့ ပြည်တွင်းအခွန်များဦးစီးဌာနကနေ သိရပါတယ်။

မေလ ၁ ရက်နေ့မှာ ကျင်းပမယ့် ၃ ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းပေါက်မဲဖြစ်တဲ့ အောင်ဘာလေထီဖွင့်ပွဲမှာ ရောင်းချလို့ မကုန်တဲ့ အထဲက ဆုကြီးဖြစ်စေ ဆုသေးဖြစ်စေ ပါခဲ့ရင် ပေါက်မဲ့ကို ပြန်လည်ရွေးချယ်မှာဖြစ်ပြီး ရောင်းရတဲ့ အထဲက ပေါက်မဲ့ ဂဏန်းပါတဲ့ အထိ ပြန်လည်ရွေးချယ်မှာဖြစ်ပါတယ်။

၃ ကြိမ်မြောက် ၁ ထောင်တန် အောင်ဘာလေထီစာအုပ်တွေဟာ “က” အက္ခရာကနေ “ကဃ” အထိ စုစုပေါင်း ၃၇ လုံး၊ ထီစာအုပ် ၃,၀၂၇,၂၆၆ အုပ် ထုတ်ဝေထားခဲ့ပြီး အဲ့ဒီအထဲကမှ ထီစာအုပ်ပေါင်း ၂၆၁,၂၉၅ အုပ်ဟာရောင်းမကုန်ဖြစ်နေတာပါ။ လာမယ့် အောင်ဘာလေ ထီဖွင့်ပွဲမှာ ဆုငွေအဖြစ် ကျပ်သန်းပေါင်း ၁၆,၅၉၅ ကျော်ကို ရွေးချယ်ချီးမြှင့်သွားမှာဖြစ်ပြီး ကျပ်သိန်းပေါင်း ၁ သောင်းကနေ ၅ သောင်းဆုအထိ အသီးသီးခွဲဝေထားပါတယ်။

၃ ကြိမ်မြောက်အောင်ဘာလေ ထီတွေထဲက ရောင်းမကုန်တဲ့ ထီလက်မှတ်တွေကို ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ တရားဝင် Website မှာလည်း ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ ၂ ကြိမ်မြောက် ကျပ်သိန်း ၁ သောင်းတန်ထီဖွင့်ပွဲတုန်းကလည်း ထီစာအုပ်ပေါင်း ၄သိန်း၃ သောင်းကျော် မရောင်းခဲ့ရပါဘူး။

Share

Loading Next Article...
က္က