EPS-TOPIK ကိုးရီးယားဘာသာ အရည်အချင်းစာမေးပွဲလည်း မကျင်းပတော့ဘူးလို့ သိရပါတယ်။

HRD- Korea ကနေ ၂၀၁၉ ခုနှစ်မှာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံကနေ လုပ်သားခေါ်ယူမှုတွေကို အရင်နှစ်တွေကထက် ထက်ဝက်လျှော့ချခေါ်ယူမယ်လို့ မြန်မာနိုင်ငံအစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီကို ညှိနှိုင်းအကြောင်းကြားထားပါတယ်။

ကိုရီးယား EPS စာမေးပွဲအတွက် သင်တန်းသားအချို့ကို တွေ့ရစဉ်။ Photo - KYAW KYAR



အဆိုပါ ညှိနှိုင်းချက်အရ မြန်မာနိုင်ငံမှ အလုပ်သမားတွေကို ကုန်ထုတ်လုပ်ငန်းအတွက် အယောက် (၅၀၀)၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း အတွက် အယောက် ၁၀၀၀ စုစုပေါင်း အယောက် ၁၅၀၀ သာ အောင်မြင်မှုခွင့်ပြုပေးထားမယ်လို့ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီကနေ သိရပါတယ်။

EPS-TOPIK ကိုးရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုမယ့် လုပ်သားဦးရေ လေးသောင်းခန့် ရှိနေပြီး အောင်မြင်မှုပေးမယ့် အရေအတွက်နဲ့ နှိုင်းယှဉ်ရင် များစွာကွာဟမှု ရှိနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အောင်မြင်မှု ပေးမယ့် လုပ်သား အရေအတွက် တိုးမြှင့်ပေးနိုင်ရန် အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီအနေနဲ့ HRD- Korea ကို စာဖြင့်ညှိနှိုင်းခဲ့ရာ ၂၀၁၈ ခုနှစ်မှာ အောင်မြင်ပေးခဲ့တဲ့ အရေအတွက်ဟာ အရင်နှစ်တွေကထက် ၂ ဆ တိုးပေးထားခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်မှာ လုပ်သားခေါ်ယူမှုအတွက် တန်းစီဇယားမှာ လုပ်သား ၉၀၀၀ ကျော်ကျန်ရှိနေခဲ့တာကြောင့် အောင်မြင်မှု အရေအတွက် မတိုးပေးနိုင်တော့ဘူးလို့ အကြောင်းပြန်ကြားလာခဲ့တယ်လို့ သိရပါတယ်။

ထို့ကြောင့် စာမေးပွဲကျင်းပမယ်ဆိုရင် ဖြေဆိုမယ့် ဦးရေနဲ့ နှိုင်းယှဉ်ရင် အောင်မြင်ပေးမယ့် အရေအတွက် လွန်စွာ နည်းပါးတာကြောင့် ၂၀၁၉ ခုနှစ်မှာ ၁၃ ကြိမ်မြောက် EPS-TOPIK ကိုးရီးယားဘာသာ အရည်အချင်းစာမေးပွဲကျင်းပဖို့ အစီအစဉ်မရှိတော့ဘူးလို့ အသိပေးကြေညာထားတာလည်းဖြစ်ပါတယ်။

“ တကယ်တော့ POEA အလုပ်သမားအေဂျင်စီရုံးကနေ ကြိုတင်အကြောင်းကြားသင့်ပါတယ်။ EPS တက်နေကြတဲ့သူတွေထဲမှာ ဆင်းရဲနွမ်းပါးတဲ့သူတွေက အများကြီးပါ။ သင်တန်းတတ်ဖို့ရာ ငွေရှင်ကြေးရှင်တွေဆီက ငွေတိုးချေးငှားပြီး တတ်နေကြရတာ။ အခုေတာ့ စာမေးပွဲကမဖြေတော့ဘူးဆိုတော့ ဆင်းရဲသားတွေက ပိုပြီးနွံထဲ နစ်သထက် နစ်ကုန်ပြီပေါ့။ တကယ်ဆို နှစ်စလောက်ကတည်းက ကြိုတင်ကြေညာသင့်တာပေါ့။ အခုဆို သင်တန်းတက်ရတဲ့ကာလက မနည်းတော့ဘူး။ စာမေးပွဲဖြေဖို့တောင် ရက်ကနီးလာပြီ။ အခုမှကြေညာတော့ ငွေကြေးလဲကုန် အချိန်လဲကုန် လူလဲပင်ပန်း အကြွေးတွေကထပ် ဘယ်လိုလုပ်ပီး ပြန်ဆပ်နိုင်ပါ့မလဲ။ ကိုးရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံ အစိုးရအေဂျင်စီတို့အမြန်ဆုံးတွေ့ဆုံ ညှိုနှိ ုင်းဆောင်ရွက်သင့်ပါတယ်လို့ “ ပြည်သူတစ်ဦးက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က