အမျိုးသမီးများနေ့မှာပြောလိုက်ပါတယ်။
Hmue Eain Zaw

ကိုယ့်ရဲ့သားသမီး၊ မြေး၊ မြစ် တွေကိုဘယ်လို လူ့ အသိုင်းအဝိုင်းမှာ ကြီးပြင်းလာစေချင်သလဲဆိုတာကို လေးလေးနက်နက် စဉ်းစားကြဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

Photo - myanmar state counsellor office



ဇူလိုင်လ ၃ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ကို နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC-2) မှာ ကျင်းပပြုလုပ်ရာမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားမှုအတွင်း ထိုသို့ ထည့်သွင်းပြောခဲ့တာ ဖြစ်ပါတယ်။

ကိုယ့်နိုင်ငံ တစ်ကယ်ကို တန်ဖိုးရှိပြီးတော့ လုံခြုံတဲ့နေရာတစ်ခုဖြစ်ဖို့ဆိုရင် အမျိုးသမီးတွေအနေနဲ့ ဘာတွေလုပ်ပေးနိုင်သလဲ၊ ဘာတွေလုပ်သင့်သလဲဆိုတာကို စဉ်းစားပါလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

Photo - myanmar state counsellor office

အမျိုးသမီးတွေအနေနဲ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့မှာ ကျွန်မတို့နိုင်ငံကို ဘယ်လိုပုံစံဖြစ်စေချင်လဲဆိုတာကို အလေးအနက်ထားပြီးစဉ်းစားစေချင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ ၉၀ ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေဖြစ်နေပြီး အမျိုးသမီးများဟာ မိသားစုအတွင်းမှာတင်မကပဲ ပညာရေးလောကအတွင်းမှာ လူမှုအသိုင်းအဝိုင်းအတွင်း အင်မတန်မှ အရေးပါတဲ့ကဏ္ဍအဖြစ် ရှိနေတယ်လို့လည်း ပြောပါတယ်။

အမျိုးသမီး၊ အမျိုးသား တန်းတူညီမျှရေး လုပ်တဲ့အခါ ရန်သူတွေသဖွယ် တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး လုပ်တာ မဟုတ်ဘဲနဲ့ မိတ်ဆွေတွေလို၊ မောင်နှမအရင်းအချာတွေလို လုပ်စေချင်တယ်လို့လည်း သူကပြောဆိုခဲ့ပါတယ်။

Photo - myanmar state counsellor office


ဆက်စပ်အကြောင်းအရာများ


Author


က္က