ပုံမှန်အခြေအနေရောက်အောင် ကြိုးစားပါမယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။

ရန်ကုန်မြို့ထဲမှာ အသွားအလာတွေ များနေတယ်လို့သိရပြီး ရောဂါကူးစက်ထားသူအများဆုံးမြို့ဖြစ်တာကြောင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းတွေကို အထူးဂရုစိုက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါတယ်။

ကိစ္စအမျိုးမျိုးကြောင့် ၊ ဥပမာ အလုပ်အကိုင်နဲ့ ပတ်သက်လို့ အိမ်ပြင်ထွက်ဖို့ လိုတာတွေ ရှိနိုင်မယ်ဆိုတာကိုလည်း နားလည်ပြီး ပုံမှန်အခြေအနေရောက်နိုင်အောင်လည်း ကြိုးစားပါမယ်လို့ အတိုင်ပင်ခံက ဒီနေ့ မေလ ၆ ရက် ညနေပိုင်းမှာဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့် ရေးသားထားတာတွေ့ရပါတယ်။



“ ရန်ကုန်မြို့ထဲမှာ အသွားအလာတွေများလာတယ်လို့ သိရပါတယ်။ ရန်ကုန်ဟာ covid ရောဂါကူးစက်ထားသူ အများဆုံးတွေ့ထားတဲ့မြို့ဖြစ်တော့ ကျန်းမာရေးဆိုင်ရာ စည်းကမ်းတွေကို အထူးဂရုစိုက် လိုက်နာဖို့ လိုပါတယ်။ ကိစ္စအမျိုးမျိုးကြောင့်၊ ဥပမာ အလုပ်အကိုင်နဲ့ ပတ်သက်လို့၊ အိမ်ပြင်ထွက်ဖို့ လိုတာတွေ ရှိနိုင် မယ်ဆိုတာ နားလည်ပါတယ်။ ဒါကြောင့် ပုံမှန်အခြေအနေ အမြန်ဆုံး ရောက်စေချင်ပါတယ်။ ရောက်နိုင်အောင်လည်း ကြိုးစားပါမယ်။ သို့သော် ဒီအချိန်မှာတော့သည်းခံရပါမယ်။ သည်းခံကြပါ။သည်းခံရခြင်းအကြောင်းတွေ နောင်တစ်ချိန်မှာ ရေးနိုင်တာပေါ့။” ဆိုပြီး ရေးသားထားတာပါ။

Photo- မေလ ၅ ရက်နေ့မနက်ပိုင်းက ရန်ကုန်မြို့ ဆူးလေအနီး မြင်ကွင်း။

ရန်ကုန်မြို့မှာ သင်္ကြန်ပြီးကာလနောက်ပိုင်း စက်ရုံ၊အလုပ်ရုံတွေနဲ့ ကုမ္ပဏီ၊ရုံးအချို့ ပြန်လည်ဖွင့်လှစ်လာပြီးနောက်ပိုင်း လမ်းမတွေပေါ်မှာ လူတွေပြန်လည်စည်ကားခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ပိုးတွေ့ရှိမှုနှုန်းက သိသိသာသာကျဆင်းသွားတာမျိုးမရှိပေမယ့် စားဝတ်နေရေးအခက်အခဲကြောင့် ပြန်လည်လှုပ်ရှားသွားလာနေရတာတွေကလည်း COVID-19 ဒုတိယလှိုင်းဖြစ်ဖို့ အတွက် အခွင့်အရေးများနေတာကြောင့် သတိပြုကြဖို့ကိုလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဆေးပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာမော်မော်ဦးက ပြောထားပါတယ်။

တစ်နိုင်ငံလုံး ပိုးတွေ့ရှိမှုနှုန်းရဲ့ ၇၉ ရာခိုင်နှုန်းဟာ ရန်ကုန်တိုင်းအတွင်းကဖြစ်နေပြီး ဖြစ်ပွားသူဟာ ဒီနေ့ မေလ ၆ ရက်နေ့အထိ ၁၂၇ ဦးအထိ ရှိနေတယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေသိရပါတယ်။

Share

Loading Next Article...
က္က