တနသာၤရီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကွက်ကျားမိုးရွာမှာဖြစ်ပြီးတော့ ရာခိုင်နှုန်း (၈၀) ရှိတယ်လို့ ဆိုပါတယ်။

ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ပုံမှန်ထက် အအေးပိုနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနကနေ ယနေ့ (ဇန်နဝါရီလ ၁၈ ရက်) နေ့လယ် ၂ နာရီအချိန်မှာ သတင်းထုတ်ပြန်ပါတယ်။


Photo- မိုးဇလ

ညအပူချိန်တွေမှာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူအချိန်အောက် (၂)ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ပြီးတော့၊ ပဲခူးတိုင်းဒေသကြီးမှာ ဇန်နဝါရီလရဲ့ ပျမ်းမျှ အပူချိန်ထက်(၂)ဒီဂရီ၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်ကနေ (၄)ဒီဂရီစင်တီဂရိတ်အထိ ပိုခဲ့ပြီးတော့၊ ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ ပျမ်းမျှအပူချိန်သာရှိခဲ့ပါတယ်။

ထူးခြားတဲ့ ညအပူချိန်တွေအနေနဲ့ ဟားခါးမြို့မှာ (၁)ဒီဂရီစင်တီဂရိတ်၊ ပူတာအိုမှာ (၂) ဒီဂရီစင်တီဂရိတ်၊ရမ်ကလောင်းမှာ (၃) ဒီဂရီစင်တီဂရိတ်၊ သီပေါမှာ (၄) ဒီဂရီစင်တီဂရိတ်၊ ဟဲဟိုးနဲ့ တီးတိန်တို့မှာ (၅)ဒီဂရီစင်တီဂရိတ် တို့ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တနသာၤရီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကွက်ကျား မိုးရွာမှာဖြစ်ပြီးတော့ ရာခိုင်နှုန်း (၈၀) နဲ့ ရန်ကုန်နဲ့ အနီးတဝိုက်မှာတော့ ပုံမှန်အတိုင်းရှိမယ်လို့ ထုတ်ပြန်ထားတာပါ။



က္က