ကယားပြည်နယ်ဝန်ကြီးချုပ်ကို အရေးယူပေးဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေရဲ့ လေးပုံတစ်ပုံက လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြတာပါ။

ကယားပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ထားကိစ္စနဲ့ပတ်သက်ပြီး  စုံစမ်းစစ်ဆေးရေးအဖွဲ့က ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို လာမယ့်အပတ်ထဲမှာစုံစမ်းမေးမြန်းသွားမယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသဲရယ်က ပြောပါတ်။

ကယားပြည်နယ်နေ့ကျင်းပပြုလုပ်တဲ့နေရာကို ပုဂ္ဂလိကကို ငှားရမ်းထားတဲ့ကိစ္စ၊ အစိုးရအဖွဲ့ ရဲ့ စက်ယန္တရား ဝယ်ယူမှု ကိစ္စတွေဟာ ဥပဒေနဲ့ မညီတာကြောင့် ဝန်ကြီးချုပ်ကို အရေးယူပေးဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေရဲ့ လေးပုံတစ်ပုံက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃(ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့

" စုံစမ်းစစ်ဆေးမှုကို စတင်နေပြီ။ လိုအပ်တဲ့သက်သေအထော်အထားအချက်အလက်တွေ ရှာဖွေတယ်၊စာရင်းစစ်ချုပ်အစီရင်ခံစာလည်းရှိတယ်။ သက်ဆိုင်ရာဌာနက လူတွေကိုစစ်ဆေးဖို့လည်း အခုရက်ပိုင်းအတွင်းလုပ်မယ်။ တချို့ကလည်း နည်းဥပဒေအရ ဌာနဆိုင်ရာကလူတွေကို လွှတ်မပေးနိုင်ဘူးဆိုပြီး စာပြန်လာတာတွေရှိနေတယ်။ ကျွန်တော််တို့ကတော့ပေးအပ်တဲ့တာဝန်ကို ဥပဒေနဲ့အညီလုပ်သွားမှာပါ"လို့ ဦးသဲရယ်ကပြောပါတယ်။

 စုံစမ်းစစ်ဆေးရေးအဖွဲ့” ကိုသြဂုတ်လ ၁၄ ရက်နေ့ကစတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာ တော့ စစ်ဆေးမှု တွေ လုပ်နေပြီလို့ သိရပါတယ်။စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို သြဂုတ်လ ၂၈ ရက်နေ့ မှာ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကို ပြန်လည်တင်ပြရမှာဖြစ် ပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့ထားသော သတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က