ကယန်းလူထုဆန္ဒမဲနဲ့ရွေးချယ်ထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကယန်းအမျိုးသားပါတီက ကိုယ်စားလှယ်လောင်းတွေကို ကယန်းတိုင်းရင်း သားလူမျိုးတွေရဲ့ ဆန္ဒမဲနဲ့ရွေးချယ်ခဲ့တာဖြစ်ပြီး လူငယ်မျိုးဆက်သစ်တွေ အများဆုံးပါဝင်လာတယ်လို့ သိရပါတယ် ။ 


ကယန်းလူမျိုးတွေ အမှန်တကယ်ထောက်ခံတဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်လိုတာကြောင့် မြေပြင်ကွင်းဆင်းပြီး ကယန်းလူမျိုးတွေရဲ့ ဆန္ဒမဲကိုကောက်ခံခဲ့တယ်လို့ ကယန်းအမျိုးသားပါတီက သိရပါတယ် ။




“ အခုကျွန်တော်တို့ ဝင်ရောက်ယှဉ်ပြိုင်မယ့် နေရာတွေကို နာယက ခြောက်ဦးက ကွင်းဆင်းတယ် ။ ကိုယ်စားလှယ်တွေကို အောက်ခြေလူထုကို ရွေးချယ်ခိုင်းပြီး မဲပေးခိုင်းတယ် ။ မဲများတဲ့လူကို ကိုယ်စားလှယ်အဖြစ် ပါတီကရွေးတယ် ။ ၁၀ နေရာပြိုင်မှာ လူငယ်ကိုယ်စားလှယ် ၇ ဦးရတယ် ။ ဒီထဲက အမျိုးသမီးကိုယ်စားလှယ် ၄ ဦးဆိုရင် မဲအပြတ်သတ်ပဲ ။ ဒီးမော့ဆိုက ပြိုင်မယ့် အမျိုးသမီးတစ်ဦးပဲ ပြိုင်ဘက်အမျိုးသားနှစ်ဦးနဲ့ တက်လာတာ။ ဒါပေမယ့်လည်း သူပဲ နိုင်သွားတယ် ” လို့ ကယန်းအမျိုးသားပါတီ အတွင်းရေးမှူး ခွန်ကလေးမင်းက Duwun ကို ပြောပါတယ် ။


လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ကယန်းအမျိုးသားပါတီက ကရင်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ ကယားပြည်နယ်တို့ကနေ စုစုပေါင်း ၁၀ နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်သူ့လွှတ်တော် ၂ နေရာ ၊ အမျိုးသားလွှတ်တော် ၂ နေရာ နဲ့ ပြည်နယ်လွှတ်တော် ၂ နေရာတို့ ဖြစ်တယ်လို့ ဆိုပါတယ်။


ကယန်းအမျိုးသားပါတီက ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း (၁၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်ရကိုယ်စားလှယ် မရှိခဲ့ဘူးလို့ သိရပါတယ်။

Share

Loading Next Article...
က္က