မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကသိရပါတယ်။

အဲ့ဒီအကျဉ်းသားတွေအတွက် ART ဆေးရရှိရေးအတွက် သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနနဲ့ အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ကြဖို့အတွက် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ဧပြီလ ၃၀ ရက်နေ့က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

Photo - Myanmar Human Rights Commission

လားရှှိုးအကျဉ်းထောင်မှာ ART ဆေးမရရှိသေးတဲ့ HIV ရောဂါသည်အကျဉ်းသား ၃၂ ဦးရှိနေတယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကနေသိရပါတယ်။ ဒါကြောင့် အဲ့ဒီအကျဉ်းသားတွေအတွက် ART ဆေး ရရှိရေးအတွက် သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနနဲ့ အမြန်ဆုံးညှိနှိုင်းဆောင်ရွက်ကြဖို့အတွက် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ဧပြီလ ၃၀ ရက်နေ့က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

HIV ရှိနေတဲ့အကျဉ်းကျနေသူတွေထဲမှာ အမျိုးသမီးတွေကအများစုဖြစ်ပြီး ပြစ်ဒဏ်စေ့ပြီး ထောင်ကလွတ်ရင်လည်း မိမိနေထိုင်ရာ မြို့နယ်တွေမှာ ART ဆေးများကို ဆက်လက်ရရှိဖို့ ဆောင်ရွက်ပေးစေလိုကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်တာဝန်ရှိသူက Duwun ကိုပြောပါတယ်။

Photo - Myanmar Human Rights Commission

မြန်မာနိုင်ငံမှာ HIV ပိုးရှိနေသူတွေဟာ အကျဉ်းထောင်တွေထဲရောက်ကြတဲ့အခါမှာ ဆေးဝါးမရတာတွေကြောင့် AIDS ရောဂါ အသွင်ပြောင်းပြီး အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အမျိုးသားခုခံအားကျဆင်းမှုနှင့် ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်နဲ့ မြန်မာတစ်နိုင်ငံလုံးက ခုခံအားကျဆင်းမှုရှိနေတဲ့ လူနာတွေအတွက် ART ဆေးတွေပေးနေပေမယ့် တချို့အကျဉ်းထောင်တွေမှာ ဆေးမရတာတွေရှိနေသေတယ်လို့ HIV ကာကွယ်တားစီးရေးဆောင်ရွက်နေသူတွေက ဆိုပါတယ်။

Share

Loading Next Article...
က္က