လာဘ်ငွေ သိန်းသုံးဆယ်ယူခဲ့တယ်လို့ ဆိုပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ယခင်သုဝဏ္ဏနယ်မြေစခန်မှူးဟောင်း ဦးချစ်ကိုကို ကိုဒီကနေ့အောက်တိုဘာ ၄ ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။





ယခင်သုဝဏ္ဏနယ်မြေစခန်မှူးဟောင်း ရဲအုပ်ချစ်ကိုကိုက အောင်ရဲထွေးကိုသတ်တဲ့ တရားခံ သန်းထွဠ် အောင် ဖခင်ထံက သိန်းသုံးဆယ်ကိုလက်ခံခဲ့တာကြောင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး တရားစွဲဆိုထားတာပါ။



ဒီနေ့မှာ တရားလိုအဖြစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဖွဲ့ဝင် ဦးမိုးနိုင်ကို စစ်ဆေးခဲ့ပြီး

တရားလိုဘက်က တင်သွင်းတဲ့ တိုင်ကြားစာကို သက်သေခံအဖြစ်လက်ခံ မခံကို လာမယ့် အောက်တိုဘာ ၁၂ ရ က် မှာ ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။



ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ၆ ဦးကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ဒီကနေ့ စက်တင်ဘာ ၂၅ ရက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံထားရပါတယ်။ ဦးဟန်ထူးကို အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅၊ ၅၆နဲ့ စွဲဆိုတာ ဖြစ်ပြီး ကျန် ၅ ဦးကိုတော့ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုလိုက်တာပါ။



ဟာသသရုပ်ဆောင် အောင်ရဲထွေးအသတ်ခံရမှုကို ရုပ်သိမ်းပေးဖို့ ရန်ကုန်တိုင်း ဥပဒေချုပ်အပါအဝင် ဥပဒေအရာရှိကြီးတွေက ကျပ်သိန်း ၇၂၀ နဲ့ အရက်ပုလင်းတွေ၊ ပါတိတ်ထမီတွေ လာဘ်ယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားလိုလုပ်ပြီး တရားဆွဲဆိုထားတာပါ။



ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူးနဲ့အတူ တရားစွဲခံထားရသူတွေကတော့ ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုခရိုင်တရားသူကြီး ဦးအောင်ကြည်နဲ့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (ယခင်သုဝဏ္ဏနယ်မြေစခန်မှူး) ရဲအုပ်ချစ်ကိုကိုတို့ ဖြစ်ပါတယ်။


က္က