လူနာနဲ့ ထိတွေ့ထားတဲ့ (၆)ဦးကို တော့ ကွာရန်တင်းထားရှိထားပါတယ်။

ပြည်ပခရီးသွားရာဇဝင်လည်းမရှိ၊ အတည်ပြုလူနာတွေနဲ့ ထိတွေ့ထားခြင်းမရှိဘဲ ပိုးတွေ့ခဲ့တဲ့ လှိုင်သာယာမြို့နယ်က လူနာအမှတ် ၈၁၈ ဟာ ဆိုင်ကယ်ကယ်ရီမောင်းသူဖြစ်ပြီး လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ ကန်သာယာလမ်းသွယ်(၁)လမ်းက အဆောင်တစ်ခုမှာ နေထိုင်သူဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က အတည်ပြုပြောပါတယ်။ 

လူနာဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖျားနာလို့ လှိုင်သာယာမြို့နယ်က ဆေးခန်းတစ်ခုကို သွားပြခဲ့ပြီးနောက် သံသယလက္ခဏာတွေ တွေ့လို့ အင်းစိန်ဆေးရုံကြီးမှာ စောင့်ကြည့်ကုသမှုခံယူပြီး ဓာတ်ခွဲစစ်ဆေးရာက ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာပါ။



လက်ရှိ လူနာရဲ့ မိသားစုဝင် ၃ ဦး၊ ဆေးခန်းသွားပြစဉ်က ထိတွေ့ဆက်စပ်ခဲ့တဲ့ လူနာ ၃ ဦး စုစုပေါင်း ၆ ဦးကို ကွာရန်တင်းထားစောင့်ကြည့်ပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးသွားမယ်လို့လည်း ဦးဝင်းမောင်က Duwun ကိုပြောပါတယ်။

“ သူနေတဲ့အဆောင်ကိုတော့ အခု လော့ဒေါင်းလုပ်လိုက်ပါပြီ။ အဆောင်မှာနေတဲ့ လူ ၂၅ ယောက် လောက်ကိုတော့ အသွားအလာကန့်သတ်လိုက်တယ်။ အနီးကပ်ထိတွေ့တဲ့ ၆ ဦး၊ ၇ ဦးကိုတော့ ဓာတ်ခွဲစစ်ဆေးမယ်။ လူနာက ကယ်ရီမောင်းတာဆိုတော့ ဆက်စပ်အထိအတွေ့များနိုင်တယ်။ အတတ်နိုင်ဆုံး contact တွေကို လိုက်ရှာနေတာပေါ့။ အခု ကျွန်တော်တို့ အစည်းအဝေးထိုင်ပြီးလုပ်နေတယ်” လို့ ဦးဝင်းမောင်က ဆိုပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သြဂုတ်လ ၃၁ ရက်နေ့အတွက် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာတွေထဲမှာ ပိုးတွေ့လူနာ ၁၀၀ အတိရှိခဲ့ရာမှာ လှိုင်သာယာမြို့နယ်က (၂) ဦးပါဝင်ခဲ့ပြီးတစ်ဦးကတော့ လူနာအမှတ် ၇၃၄ နဲ့ ထိတွေ့ခဲ့သူဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က