Kyaw Ko Ko Sint

ရောဂါကြောင့်သေဆုံးတာမဟုတ်သလို ပြင်ပဒဏ်ရာလည်းမရှိတာကြောင့် ဓမ္မတာကြောင့် သေဆုံးခြင်း ဟုတ်မဟုတ်ကိုတော့ ဆက်လက်စစ်ဆေးနိုင်ဖို့ အမှုဖွင့်စစ်ဆေးဆောင်ရွက်သွားမယ်လို့သိရပါတယ်။

ဓာတ်ပုံ - Sai Yu Mg Facebook Page

လှိုင်သာယာမြို့နယ်က စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားတစ်ဦး ရုတ်တရက်သေဆုံးခဲ့တယ်လို့ လွှတ်တော်ကိုယ် စားလှယ် ဦးမြတ်မင်းသူက Duwunကိုအတည်ပြု ပြောပါတယ်။

ဖြစ်စဉ်အရ ဇွန်လ ၁၂ရက်နေ့မှာ သေဆုံးခဲ့တယ်လို့သိရပြီး သေဆုံးသူဟာ ရွှေလင်ပန်းစက်မှုဇုန်အတွင်းက Global Fashion အထည်ချုပ်စက်ရုံပိုင်ရှင်တစ်ဦးလို့လည်း သိရပါတယ်။

“သေဆုံးတာကတော့ ညဖက် အရက်သောက်ပြီး ပက်လက်ကုလားထိုင်နဲ့ အိပ်ပျော်သွားစဉ်သေဆုံးသွားတာလို့ ရဲမှူးက အစ်ကို့ကိုပြောတယ်။ရောဂါကြောင့်တော့ သေဆုံးတာမဟုတ်ပါဘူး။”လို့ ဦးမြတ်မင်းသူက ပြောပါတယ်။

သေဆုံးသူဟာ တရုတ်နိုင်ငံသား သက်(၃၅)နှစ်အရွယ် Mr-Cao Jingao ဖြစ်ပြီးသေဆုံးနေတာ ဖြစ်ပြီး ပြင်ပဒဏ်ရာ မရှိဘဲသေဆုံးခဲ့တဲ့အတွက် ဓမ္မတာအတိုင်းသေဆုံးတာဟုတ်မဟုတ် ရဲစခန်းမှာ သေမှုသေခင်းအမှတ် ၂၀/၂၀၂၀နဲ့ အမှု ဖွင့် စုံစမ်းစစ်ဆေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က